လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 October, 2012

အချစ်ဆိုသည်မှာ ...

အချစ်သည်တခါတလေ
ရှေးရေစက်နှင့်ဆိုင်၏ ... ။

လူတယောက်ကိုသေချာမသိသေးခင်
သင်ချစ်မိသွားနိုင်ပါ၏ ... ။

လူတယောက်ကိုသေချာမမြင်ဘူးသေးခင်လည်း
သင်ချစ်မိသွားနိုင်ပါ၏ ... ။



ရှေးရေစက်ဆိုသည်
သင်နှင့်သူအရင်ဘဝကအတူပြုခဲ့ဘူးသော
ကောင်းမှု့ကုသိုလ်တို့၏အကျိုးဆက်များကြောင့်ပြန်လည်ဆုံတွေ့ခြင်းပင် ... ။

အရင်ဘဝကကများများအတူလုပ်ခဲ့ဘူးလေလေ 
သူနှင့်သင်ဒီဘဝတွင်ရေစက်ပိုပါလေလေ
လူတယောက်ကိုတသက်လုံးပေါင်းသင်းချစ်ခင်သွားနိုင်ခြင်းသည်
အရင်ဘဝက အကျိုးဆက်တခုခုကြောင့်ဖြစ်နိုင်ပါသည် ... ။

တကယ်လို့သူနှင့်သင်မပေါင်းခဲ့ရလျှင်လည်း 
သင်တို့နှစ်ယောက်ရေစက်ကုန်လို့လမ်းခွဲရခြင်းပင်
ထို့ကြောင်ရေစက်ကုန်လို့လမ်းခွဲရသည်ကို
အချိန်အကြာကြီးဝမ်းနည်းနေလို့မရပေ
သင့်ဘဝထဲသို့တသက်လုံးနေနိုင်မည့်သူလာပါလိမ့်မည် ... ။

တခါတလေ သင်ဘယ်လောက် ဟင့်အင်း ... ဟင့်အင်း ငြင်းငြင်း
တချိုကအရာများသည် လက်ခံတတ်ဖို့လိုသည်
သဘာဝတရားကြီးကပေးသော
ကံတရားကဖန်တီးပေးလာသောအရာများသည် တခါတရံငြင်းဆန်ရခက်ပါသည် ။

ကောင်ကလေး