လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 October, 2012

သိစေတော့ ...

စွန့်လွှတ်တယ်ဆိုတာ ပိုင်ဆိုင်ရနေပြီးလို့
ရယူမှု့မရှိတဲ့ ငါ့နှလုံးသားက
သွေးပျက်မတတ်အတွေးတွေနဲ့ဆုံးဖြတ်လိုက်ရတဲ့
အဖြေတစ်ခုကတော့
မမှားခဲ့တဲ့ အမှန်တစ်ခုဖြစ်နေမလားပဲ ...။ ။

နောက်ဆုံး



စွံအသွားတာ မဟုတ်ပါဘူး
စကားလုံးတွေ ပျောက်ရှကုန်တာ ...


ဂရုမစိုက်တော့တာ မဟုတ်ပါဘူး
လှိက်လှိက်လှဲလှဲ မရှိတော့တာ ...

မလွမ်းတော့တာ မဟုတ်ပါဘူး
အရင်လို မနွေးထွေးတော့တာ ...

မချစ်တော့တာ မဟုတ်ပါဘူး
ရင်ခုန်သံတွေ ရပ်ဆိုင်းကုန်တာ ...

လှည့်ထွက်သွားတာ မဟုတ်ပါဘူး
နာကျင်နေတဲ့ ရင်ဘက်တစ်စုံကို သဂြိုလ်ပစ်လိုက်တာ ...။ ။

မနောဖြူ

ငါ့ရင်ထဲက ဘာသာတရား

ငါယုံကြည်ရာ ငါ့ဘာသာသည်
မီးရှို့ဖယ်ဖျောက် ပြာပုံရောက်လည်း
ငါရဲ့ရင်ထဲ ငါ့အသည်းမှာ
မပျောက်နိုင်ပါ ...

ငါယုံကြည်ရာ ငါ့ဘာသာသည်
တစ်ခြားလူမမှန် ဝေဖန်ကြလည်း
ငါ့ရဲ့ရင်ထဲ အသည်းထဲမှာ

မပျောက်နိုင်ပါ ...

သောကခြေရာ ( ၉ )


ဘယ်သူမြင် ဘယ်သူသိမှာလဲ
သူရှိတယ် ကိုယ့်ရင်ထဲ
အမြဲငြိတွယ် ။ ။

အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့
စိတ်အတွေးကို တမင်နှောက်နေတာလား
သခင်ရောက်ပါလို့ တဝဲလည်လည် ။ ။

စွန့်ရက်ရဲသည် ...


  1. မပတ်သက်ခင် ၊ တပ်မက်ချင်သော
    သံယောဇဉ်ဇာတ် ၊ သခင်ဖြတ်လှည့်
    လျှပ်ပြက်ညမှောင် ၊ ခင့်လရောင်မျှင်
    မမြင်သာသော ၊ ရင်နာတောမှ
    သောကပင်အုပ် ၊ နွယ်လိမ်ရှုပ်ကြား
    ထားရစ်မေ့ချန် ၊ တရံခါဆီ
    ဒဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏာရီဟု ၊ သည်တစ်ခုကို
    သမုဒယဖွဲ့မပူ
    ဪ... သူ့ဘဝနဲ့ သူပျော်ပါစေ ။ ။

လွမ်းသမုဒ်ပြင်

ရင်မှာဖြစ်သည့် ၊ ချစ်ခြင်းတေးနု
ခံစားမှုကို ၊ ယခုထက်တိုင်
မဆိုနိုင်သေး ... ။ ။

နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်
စောင်းကြိုးညှိရင်း ၊ အတင်းအလျော့
အပျော့အမာ ၊ အသံသာကို
ဖွေရှာမောလျက် ၊ နာရီရက်တို့
သက်သက်ကုန်လွန်လေပြီ ။ ။

ထာဝရလေးများ


မေ့တတ်ပါလျှင်
ဘာဖြစ်မှာလဲ ၊ ခွဲရန်ရှိသော
ဘဝမောမှာ ၊ လွင့်မျောတတ်စွာ
ယာယီတိမ်လို
အို ……. ခဏလေး
ဆေးသားပျက်ပြယ်သွားလိမ့်မယ် … ။ ။

တွေ့ဆုံခြင်းများ
အလျားတစ်ဆုံး ၊ ခြယ်သီမှုန်းနေ
ဝေဒနာရောင်စဉ် ၊ သံယောဇဉ်များ
ခြေရာများကို ၊ ဆင့်ပွားဝေ၏
သိမ်းဆည်းမိ၍ ….
မေ့တတ်နိုင်ခြင်း ၊ အလျှင်းမရှိခဲ့ပါ … ။ ။

မြုံး


မေ့တတ်အောင်လို့
မျက်တောင်ချင်းယှက် ၊ အိပ်စက်မရဲ
အိပ်မက်ထဲထိ ၊ နှိပ်စက်ရှိသူ
အပူတစ်စ ၊ ဘယ်သူမျှသလဲ
သူမှသူကွယ် ၊ အပူသယ်(သည်) အဖြစ်
စွဲလမ်းရစ်ချည် ၊ စူးနစ်ကျွမ်းမြည့်
အလွမ်းနေ့ဆက် ၊ အမေ့ခက်ပြန် ….. ။ ။

ထာဝရကဗျာ


  1. လိုက်မလားလို့ ...
    စကားနဲ့သော် ၊ အခေါ်ခက်ခက်
    မခေါ်ရက်ရဲ ၊ ခေါ်ခက်ခဲသည့်
    ပျော်ရက်လည်း ကာလမရှည်
    အဖော်တစ်သက်လည်း ထာဝရမတည်နိုင်သော
    ရှည်မျောလွမ်းဇာတ် ၊ တစ်ခန်းရပ်လည်း (လည်း)
    လွမ်းတတ်ဆဲကွယ် .... ။ ။

စက္ကူစွန်


ရင်ထဲမှာလေ
နွေလေးများစွာ သိမ်းထားပါတယ် ...

မျက်ဝန်းစုံထဲ
ပုလဲများစွာ စုထားပါတယ် ...

ငိုတတ်သောငှက်
အိပ်မက်ထဲမှာ အလည်လာတယ် ...

ကျေးဇူးပြု၍ ...


ကျေးဇူးပြု၍
။။။။။။။။။။။။။

ကျေးဇူးပြု၍ ဒီမိုကရေစီမပေးပါနဲ့တော့ 
ငါတို့ ကိုဒီအတိုင်းထားလိုက်ကြပါတော့ 
ဈေးသည်နဲ့  ဖာသည်
သည်နှစ်သည်တည်းရှိတဲ့ ခေတ်ထဲမှာ...

ရတနာ ( ၁၂ )


ခွဲရက်ခွာစွန့် ၊ ဝေးသွားလေမှ
အပူစတွေ ၊ သူမျှဝေလို့
ခြွေနှင်းစက် ၊ ကြွေဆင်းသက်အောင်
မျက်တောင်ဖျားဆွတ် ၊ သီးဝေ့ ညွှတ်ခို
စိုရင်းစီးနေ
ဪ .... ငိုခြင်းလည်း မရှည်တော့ပါဘူးကွယ် .... ။

သောကခြေရာ (၁၂)


မပြုံးသာ မရယ်သာ
ရင်မှာသိုသိပ်မော
သောက၏ ခြေရာတို့သည် လည်းကောင်း ... ။

မရုန်းသာ မဖယ်သာ
အကြင်နာ ယိုဖိတ်သော
မောလျသည့် ဝေဒနာတို့သည် လည်းကောင်း ... ။

“ကမ္ဘာ နှစ်ခါပျက်စေတော့”




မြမြင်းမိုရ် တောင်ကွဲမှ၊
ရှောင်လွဲမည့်(မဲ့) သက်ကယ်၊
မောင်ဆွဲ(စွဲ)တဲ့ မျက်ခြယ်ကို၊
ပျက်ပြယ်ပြယ် မမုန်း၊
မိုးပြိုလို့ မြေထောင်စေ၊
သေတိုင်အောင် စွဲတဲ့ နှလုံး။

ကြွေကျလို့ နေလကွယ်ရင်၊
သွေပမယ် အဆုံး၊
ရွေမျာ့းမယ် တဘုန်းကို (ဖြင့်)၊
မမုန်းဘု အလွန်။
ကမ္ဘာ ကိုနှစ်ခါပျက်စေတော့၊
မခွာရက် ပေါင်းမယ်လို့သွန် (ညွှန်)။

အချစ်ဆိုသည်မှာ ...

အချစ်သည်တခါတလေ
ရှေးရေစက်နှင့်ဆိုင်၏ ... ။

လူတယောက်ကိုသေချာမသိသေးခင်
သင်ချစ်မိသွားနိုင်ပါ၏ ... ။

လူတယောက်ကိုသေချာမမြင်ဘူးသေးခင်လည်း
သင်ချစ်မိသွားနိုင်ပါ၏ ... ။