လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

03 May, 2012

“ ရင်နာစရာ ”


နွားတွေကွဲနေလို့
ကျားဆွဲခံရတာ အဆန်းမှ မဟုတ်တာပဲ။
တရားရုံးမှာ အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ တစထက်တစ
လျော့နည်းပပျောက်သွားတတ်တာ အဆန်းမှ မဟုတ်တာပဲ။

သို့ပေမယ့်လေ----
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး ရှိပြီးသား မြေပုံပေါ်မှာ အရေးအကြောင်းတွေကို သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက မြေပုံရဲ့
အနားစလေးတွေကို ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။

တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့ မြေတလက်မ၊
အာဏာတပဲသားအတွက် ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊
နိုင်ငံတကာမျက်နှာစာမှာ သူ့ဘက်၊
ကိုယ့်ဘက်ခွဲလို့ အပြိုင်အဆိုင်ဟစ်ကြနဲ့ လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊

တိုင်းတပါးသားတွေက 
ပြည်ပအချုပ်အခြာအာဏာကို ထိပါးလာတာကျတော့
ခေါင်းကလေးတွေငုံ့လို့ ရေငုံနှုတ်ပိတ်နေကြတာကို တွေ့မြင်လာရတဲ့အခါ...။

မြန်မာကိုနိုင်လေပြီလို့
ပြောဆိုသံတွေကို အံကြိတ်ရင်း နားထောင်လိုက်ရတဲ့အခါ....။
ဧည့်ခန်းထဲက မဟာဗန္ဓုလ ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ ဖြစ်လာသလိုလိုနဲ့
တောက်- ရင်နာလိုက်တာကွာ။

                                                                ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)