လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

28 January, 2014

Memory Washer v.7.1.0 (ကွန်ပြူတာ ကို မြန်ဆန်သွက်လက် စေတဲ့ဆော့ဝဲလ် )



ကျနော် ဆော့ဝဲလ် လိုက် ရှာရင်း အလင်းသစ် ဆိုဒ်မှာ တွေ့လို့ စမ်းသုံးကြည့်တာ အဆင်ပြေတာနဲ့ ရှယ်လာခဲ့တာပါ။ ကွန်ပြူတာ ကိုသုံးတဲ့အခါ System တွေကနှေးကွေးလေးလံ နေရတဲ့ အကြောင်း ရင်းတွေ ထဲမှာ-အကြောင်းရင်း တခုကတော့ RAM(Memory) က ကိုယ်အသုံးပြုတာထက် ပို၍ Usage က များနေခြင်း ဖြစ်ပါတယ်။

လူတိုင်း ကွန်ပြူတာ ကြာရှည်ကြည့်နိုင်စေရန် အတွက် ဆော့ဝဲလ်

ကွန်ပြူတာသုံးတာ ကြာလာရင် မျက်လုံးက အောင့်လာတာ မျက်ရေကျလာတာ ဖြစ်တတ်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်။ အခု f.lux လေးကိုသုံးစမ်းကြည့်လိုက်ပါ။ နေအလင်းရောင် နှင့် လိုက်ဖက်တဲ့ အရောင် ကို f.lux က သူ့အလိုလို ပြောင်းပေးမှာဖြစ်ပါတယ်။ တကယ် ကို ကောင်း တဲ့ ဆော့ဝဲလ်လေးပါ။ 

INCREASE WIFI Speed Booster


အခုတင်ပေးထားတာက Andriod ဖုန်းအတွက်ဖြစ်ပါတယ်။ Wifi လိုင်းအား ကို မူလထက် ပို ဆွဲ နိုင်တဲ့ Wifi ဆော့ဝဲဖြစ်ပါတယ်။ ဥပမာ စားသောက်ဆိုင်ဖြစ်ဖြစ် လဖက်ရည်ဆိုင်ဖြစ်ဖြစ် Wifi လိုင်းလွှင့်ထားရင် ကို့ဖုန်းထဲ သူများထက်ပိုလိုင်းအား ကောင်းအောင် လိုင်းဆွဲပေးပါတယ်။ ကျနော်လက်တွေ့စမ်းသုံးကြည့် တာတော့ တကယ်ကို သိသာလာပါတယ်။ 

CyberLink PowerDirector 9.00.2330 with key Full Version (32bit Window မှာ Video တည်းဖြတ်ချင်တဲ့ သူငယ်ချင်းတွေအတွက်)




ဗီဒီယိုတည်းဖြတ် ချင်သော သူငယ်ချင်းတွေအတွက် CyberLink PowerDirector 9 လေး တင်ပေး လိုက်ပါတယ်။ မိမိရိုက်ထားတဲ့ဗီဒီယိုတွေကို ဖြတ်တောက်ခြင်း ၊ ဆက်ခြင်း ၊ အလင်းအမှောင်.. effect စာတန်း   ထည့်ခြင်း စတဲ့အရာတွေ ကိုစိတ်တိုင်းကျလုပ်လို့ရတဲ့ အကောင်းဆုံး ဗီဒီယိုရုပ်သံ တည်းဖြတ်တဲ့ဆော့ဝဲတခုပါ။

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့် ထည့်နည်း


အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များက Nokia Lumina (Windows Phone) တွေ မြန်မာဖောင့် ထည့်ချင်တယ်။ ထည့်နည်းတွေ မေးနေကြတာ များလို့ ဆိုဒ်တွေမှာ နည်းလိုက်ရှာရင်း အလင်းသစ်   ဆိုဒ်မှာ ဒီနည်းလေးတွေ့လို့ မူရင်းအတိုင်း ပြန်ရှယ်လာခဲ့တာပါ။ တစ်ခုရှိတာက ဒီနည်းကို ကျနော်ကိုယ် တိုင် စမ်းသပ် ဖို့က Nokia Lumina ကိုင်မထားလို့ မစမ်းရသေးပါဘူး။

အရမ်းလွယ်ပြီး Photoshop လောက်နီးပါး အသုံးဝင်ပါတဲ့ ဆော့ဝဲလ်


အခု ဒီနေ့တင်ပေးလိုက်တဲ့ PhotoFiltre Studio X လေးကတော့ သုံးနေတဲ့ သူတိုင်း သူ့ရဲ့ Feature တွေ သိကြပါတယ်။ ရမ်းလည်းလွယ်ပါတယ်.။ ပုံတွေကို ကိုလိုသလို Edit လုပ်နိုင်တယ်။ Adobe Photoshop နီးပါး ပုံလေးတွေကို Edit လုပ်နိုင်သလို GIF Animated Images များကိုလဲ ဖန်တီး နိုင်ပါတယ်။ ထို့အပြင် ပုံတွေကို ရောင် မျိုးစုံပြောင်း ၊ ဘောင်ခတ် ၊ ခဲ ပန်းချီပုံ ဖြစ်အောင် ပြောင်းတဲ့ Effect လည်း ပါသေးတယ်။

TSF Shell v2.0.1 (3D စတိုင်လေးနဲ့ အရမ်းလန်းတဲ့ Android Laucher လေးပါ။)


December 14, 2013 ရက်နေ့က အသစ်ထွက်ထားတဲ့ Laucher လေးဖြစ်ပါတယ်။ 3D စတိုင်လေးနဲ့ အရမ်းလန်း ပါတယ်။ တကယ်ကို တန်ဖိုးရှိတဲ့ Laucher လေးဖြစ်ပါတယ်။ လန်းသလားမလန်းလားဆိုတာ Screenshots အောက်မှာပြပေးထား ပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ကျနော်လည်း လက်ရှိသုံးနေပါတယ်။ သူငယ်ချင်း တွေက တောင်းလာတာနဲ့ တင်ပေးလိုက်တာပါ။

Audacity: Free Audio Editor and Recorder (HD Sound Quality)



သူငယ်ချင်းတယောက် ကွန်ပြူတာနဲ့ အသံ Record ဖမ်းချင်တယ် ပြောလို့ ဒီဆော့ဝဲလေး တင်ပေး လိုက်တာ ပါ။ သုံးရတာ အရမ်းလွယ်ပြီး Free အသုံးပြုနိုင်ပါတယ်။ အသံ Record ပြီး ပြန်နားထောင်ကြည့် တာ အရမ်းကို ရှင်းလင်းပြတ်သားပါတယ်။ ပြီးတော့ ဖမ်းထားတဲ့ အသံတွေကိုလည်း Edit လုပ်နိုင်ပါသေး တယ်။ Effect အများကြီးပါတာမို့ တော်တော် လေးအဆင်ပြေပါတယ်။

Andriod ဖုန်း ဗီဒီယို ကာရာအိုကေ စာတန်းထိုး နှင့် Video တည်းဖြတ်ချင်တယ် ဆိုရင်



Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် VideoShow Pro  လေး တင်ပေး လိုက်တာပါ။ VideoShow Pro က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့  ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။