လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

26 January, 2012

ရင်ခွင်ရိုင်း

ခိုကိုးစရာ ၊ ရှာသော်မတွေ့
ရွေ့ရွေ့ဖြတ်သန်း ၊ သစ်တန်းမမြင်
လွင်ပြင်ခရီး ၊ ညည်းညှုပန်းဟိုက်
ပျံသန်းလိုက်နှင့် ၊ အသိုက်မဲ့သော ငှက်ငယ်ပါ ။    ။

အထီးကျန်မို့ ၊ သည်းထန်ညှိုးနွမ်း
အပန်းဖြေလို ၊ နေအညိုမှာ
ခိုဝင်စရာ ၊ အရိပ်ရှာစဉ်
သစ်တစ်ပင်တွေ့ ၊ စိတ်ချမ်းမြေ့သည်
ကြည်မွေ့စရာ ၊ ဖြစ်မည်ထင် ။         ။

သည်အပင်ထက် ၊ မှေးစက်နားခို
နေညိုမှောင်မိုက် ၊ အိပ်စက်ခိုက်တွင်
ကောင်းကင်ထစ်ကြိုး ၊ သန်းခေါင်မိုးသည်
အညိုးကြီးစွာ ၊ ရီာသောခါမှ
အိပ်ရာနိုးထ ၊ မိုးရေစဖြင့်
မြရွက်မဝေ ၊ ပင်ခြေပြိုင်းပြိုင်း
အကိုင်းငေါက်ငေါက် ၊ ရိုးတံခြောက်မှာ
ကွန်းထောက်ကွယ်ရစ် ၊ သည်အဖြစ်ကို
စင်စစ် နားလည်လိုက်တကား ။။      ။။

အချစ်ဦး

တစ်သက်တခါ တစ်လွှာတစ်ရွက်

တစ်ခက်ဆီ တစ်ပွင့် ငုံအဆင့်မို့

ရင့်လို့ပဲဝါဝါ

ညှာတံပဲပြုတ်ပြုတ်

ဖြုတ်ခနဲပဲကြွေကြွေ

မြေမှာပဲ ရောက်ရောက်

ဖွဖွလေးကောက်လို့

ပန်းခြောက်ကလေးပဲ မြတ်နိုးမယ် ...။      ။