လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

11 February, 2012

ရင်ထဲက မှန်ကလေး ...






ချစ်လို့ညာလိုက်တာဆိုရင်
တစ်ဘက်လူရင်မှာ ဒဏ်ရာမကျန်စေနဲ့

လိုအပ်လို့ တွဲခဲ့တာဆိုရင်...
နှစ်ယောက်ကြားဗျာ မများနဲ့ ... ။


မခွဲနိုင်တာသေချာရင် သစ္စာကို မစော်ကားနဲ့
နင်မသိရင် လိုက်မှတ် လိုက်...
ငါလုပ်ချင်တာလုပ်ရင် နင်ငေးကျန်ရစ်မှာနော် ... ။

နေတတ်သလိုနေတဲ့ ငါ့ကို
နင်လုပ်သလိုလာမထင်နဲ့
ငါမှားခဲ့ရင် ငါ့နှလုံးသားဖြူဖြူကို ငါကိုယ်တိုင် ဂူသွင်းပစ်လိုက်မယ် ... ။



နင်ရပ်တန်းကရပ်ဖို့
သင့်တဲ့ အချိန်ထိ ငါစောင့်ပေးမယ်...
သေရင်တောင် မကျေအောင်မလုပ်နဲ့ ....။ ။

ယောကျာင်္းဆိုတာ ...


ရိုမန်တစ်ဆန်ဖို့ မလိုပါဘူး။
ဒါပေမယ့် တာဝန်ယူမှုတော့ရှိရတယ်။


... ဝင်ငွေအများကြီးရှာဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို ကျွေးမွေးရတယ်။

ဘာကိစ္စမဆို မိဘစကားနားထောင်ဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတို့ရဲ့ဝတ္တရားကို ကျေပွန်ရတယ်။

သူတော်ကောင်းကျင့်ဝတ်တွေပြည့်စုံဖို့ မလိုပါဘူး။
ဒါပေမယ့် မိန်းမ/ချစ်သူကိုတော့ ချစ်ခင်မြတ်နိုးရတယ်။

အရမ်းအောင်မြင်ကျော်ကြားဖို့ မလိုပါဘူး။
ဒါပေမယ့် မိသားစုကို အဖော်ပြုချိန်ရှိရတယ်။

သားသမီးတွေကို ပြုပြင်ပဲ့ကျောင်းဖို့ မလိုပါဘူး။
ဒါပေမယ့် သားသမီးတွေကို ချစ်ရတယ်။

ယောက်ျားမာန်မာနတွေ ရှိဖို့ မလိုပါဘူး။
ဒါပေမယ့် အရေးအရာကြုံလာရင် စိတ်ကူးအကြံဉာဏ်ရှိရတယ်။
 
နိုင်းနိုင်းစနေ

သူငယ်ချင်း ဆိုတာ ...




နိုင်းနိုင်းစနေ


ကြောင်နဲ့ဝက်က သူငယ်ချင်းကောင်းတွေဖြစ်တယ်။
တစ်နေ့မှာ ကြောင်က တွင်းနက်တစ်ခုထဲ ပြုတ်ကျသွားတော့ ဝက်ကကြိုးတစ်ချောင်းဆွဲပြီး လာကယ်တယ်။ ကြောင်က ဝက်ကို ကြိုးပစ်ချပေးဖို့ပြောတော့ ဝက်က ကြိုးတစ်ခွေလုံးကို ပစ်ချပေးလိုက်တယ်။

လမ်းခွဲခြင်း

တကယ်လို့ လမ်းခွဲခြင်း၊ ကွဲကွာခြင်းက
အလှတစ်မျိုးဆိုရင်အချစ်ကမ္ဘာမှာ
ဝမ်းနည်းကြေကွဲခြင်းဆိုတာ ရှိလိမ့်မယ်မဟုတ်ဘူး ...။ ။

တကယ်လို့ စိတ်စိတ်ချင်း အပေးအယူမျှဖို့က
မောပန်းခြင်းတစ်မျိုးဆိုရင်အချစ်က ကမ္ဘာမှာ
နောင်တတွေနဲ့ပဲ ပြည့်နေတော့မယ် ... ။ ။

တကယ်လို့ နစ်နစ်ကာကာချစ်တာက
ဝဋ်ကြွေးတစ်မျိုးဆိုရင်အချစ်ကမ္ဘာမှာ
ဟန်ဆောင် အလိမ်ညာတွေနဲ့ပဲ ပြည့်နေတော့မယ် ... ။ ။

အရင်တုန်းကတော့ အချစ်ရဲ့တခဏကို
ထာဝရဖြစ်စေချင်ကြတယ်
အခုတော့ နာကျင်ခြင်းရဲ့ထာဝရကို တခဏဖြစ်စေချင်ကြတယ် ...။ ။

နိုင်းနိုင်းစနေ

ငါ့ ချစ်သူ

ချစ်သူမျက်နှာ လမင်းပမာ

ပွင့်ဖူးငုံခိုင် နှင်းဆီနှုတ်ခမ်း

သမင်မျက်လုံး ရွှန်းရွှန်းဆိုလျှက်

စင်ရော်တောင် မျက်ခုံးက

နှာတံသွယ်သွယ်လေး ပေါင်းလိုက်ရရင်ဖြင့်

ပြိုင်ဘက်ကင်း ရှုမ၀ ...

သည်ခေတ်မှာ သည်လိုဟာဖြင့်

ဤဇမ္ဗူမှာ တစ်ယောက်သာရှိပါတဲ့

ငါ့ရဲ့ ချစ်သူ .....။။။။။

ပိတောက် သက်သေ

တစ်ယောက် ဆို တစ်ယောက်

ပိတောက် ဆို ပိတောက်

စကားပုံလို...


တစ်နှစ်မှာ တစ်လ

တစ်လမှာ တစ်ခါသာပွင့်တဲ့

ရွှေဝါရောင် ပိတောက်!


တစ်သက်မှာ တစ်ခါ

တစ်ခါမှာ တစ်ယောက်သာချစ်တဲ့

ဖြူစင်တဲ့ အချစ်!


ဒီလို အချစ်ကိုများ

မင်းလေးက မယုံဝံ့ဘူးဆိုရင်

ရွှေဝါရောင် ပိတောက်တွေက

သက်သေခံပါ လိမ့်မယ်....

စိတ်ညစ်နေလား ... သူငယ်ချင်း


သူငယ်ချင်းရေ ,
မင်းစိတ်ညစ်နေတယ်ဆိုလို့ ငါစာရေးလိုက်ပါတယ် ။

လူတိုင်းမှာခံစားချက် အမှတ်တရဆိုတာတွေ ကိုယ်စီရှိတတ်ကြတယ် ။
မင်းမှာလည်းရှိမှာပဲ ။ မခံစားနဲ့လို့ မပြောချင်ပါဘူး ။ ဒါပေမယ့်
အလုပ်တာဝန် နဲ့ ဘ၀ရဲ့ဝတ္တရားတွေကိုမေ့လျော့ ပျက်ကွက်တဲ့အထိတော့
မဖြစ်စေချင်ဘူး ။
သတိရတာက ရပါ ။ သတိနည်းနည်းတော့ ထားစေချင်ပါတယ် ။