နွေအလှတွေကို မေ့လျော့
လွမ်းတေးတွေ
တကျော့ပြီးတကျော့ သီဆိုရင့်ကျူး
ချစ်ဦးရှာဖွေ ဥသြတေလေလေးတောင်
သံစုံချစ်တေး ကဗျာဟစ်ကြွေးလို့ 
ကြင်ဖေါ်လေးနဲ့ ပြုံးပျော်ယှဉ်တွဲ
လောကကို အလှဆင် ဖြည့်စွက်နေကြပြီဘဲ ...။ ။
ရာသီတွေကုန် နှစ်ကူးသွားလည်း
မင်းလေးက
ပျံသန်းခြင်း အားကောင်းနေဆဲ
ငှက်ခါးအသည်းနဲ့  မိခရေဖြူ ...။ ။
မင်းအပျင်းပြေစေဖို့ 
ကိုယ့်ဘဝ အသဲနွမ်းကြွေခံ ဆက်သရတာ
ဝဋ်ကြမ္မာလား
ရင်မှာလွယ်ပိုးထားပါ့မယ် ချစ်သူ ...။ ။
ကိုယ့်မနက်ခင်းတွေက
ငှက်သီချင်းတွေနဲ့ သာယာနာပျော်ဖွယ်
ကိုယ့်ဘေးနား မင်းမှမရှိလေတော့
မနက်ခင်းက မှောင်
ငှက်သီချင်းတွေက သံစဉ်ကြောင်တေးသွား ...။ ။
အသစ်လို့  ပြောမဆုံးရခင်
ဟောင်းလိုက်ရတဲ့ အဖြစ်
ပြောင်းလဲချက် ရွေ့ လျှားခြင်းအောက်
မင်းလေးတယောက်
ရောက်ရာဘဝက
အတောင်ပံတွေ ရင်ဘတ်နဲ့ ထိမ်းညှိ
အသိုက်မှန်ရှိရာ ပြန်ခဲ့ပါတော့
မင်းလေးအတွက် သော့မဲ့ရင်ခွင်
ကိုယ့်ရင်ခွင်ဆီ........။