လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

20 January, 2012

ဝေဒနာ

တစ်ကြိမ်တစ်ခါသာတွေ့ခဲ့ရပေမယ့် လွမ်းဆွတ်မှုက မီးလိုလောင်တယ် သတိရမှုက ကြီးမားတယ် သိရဲ့လား............ သူအလိုလိုရှာတယ် တမ်းတမှုက လွန်လွန်ကဲကဲ သူမသိနိုင်ပါဘူး ရင်က ဝေဒနာ တဆစ်ဆစ်ကိုက်ခဲ စာနာနိုင်မလား ဖြေသိမ့်ကာတွေးနေပေမယ့် ပျောက်သောသူရှာရင် တွေ့သတဲ့ သြော်.............

မရေတွက်နိုင်သော အလွမ်းများ...!

အေးချမ်းတဲ့ဆောင်းညလေးမှာ
နွေးထွေးတဲ့အနမ်းလေးတွေကို
တမ်းတနေမိခဲ့ပေမယ့် ရက်စက်ခဲ့တဲ့ချစ်သူကတော့
ထားရစ်ခဲ့ပြီလေ...။ ။
ကဗျာတွေကို ငါမရေးတတ်ခဲ့ပေမယ့်
အခုတော့နင် သင်ပေးခဲ့ပြီနော်....
(အလွမ်းကဗျာတွေကို)..။   ။
အချိန်တန်ရင်   အိမ်ပြန်ရမယ်ဆိုပေမယ့်
အချိန်မတန်သေးတဲ့     ငါ့အချစ်ကို
နင်  ဘာလို့ခွဲးခွာသွားခဲ့ရတာလဲ ချစ်သူ..။  ။
အချစ်အိမ်းလေးမှာ  အတူတူနေချင်ပေမယ့်
မဖြစ်နိုင်တော့တဲ့ ဘ၀နှစ်ခုက
ကမ္ဘာခြားထားသလိုပဲ ဝေးကွာလွန်းခဲ့ပါပြီ ။  ။
ငါဟာကြယ်စင်လေးဖြစ်ခဲ့မယ်ဆိုရင်တောင်
အေးမြတဲ့အလင်းကိုပေးစွမ်းနိုင်မယ့်
လမင်း လေးကတော့ ငါ့အတွက် ပျောက်ကွယ်သွားခဲ့ပါပြီ ။   ။
ဂုဏ်ဒြပ်တွေကို မက်မေားတတ်တဲ့
နင့်ရဲ့ဟန်ဆောင်တတ်တဲ့ သစ္စာတရားကြာမှာ
လှောင်ပိတ်မိခဲ့တဲ့ ငါ့ဘဝ
တကယ်တော့ ကြေကွဲစရာကောင်းလွန်းပါတယ် ချစ်သူ ။  ။
နင့်ဘက်ကပြီးဆုံးပြီဆိုပေမယ့်
မမေ့နိုင်တဲ့ငါ့ဘက်က နှလုံးသားနွမ်းကြေစွာနဲ့
ရှုံးနှိမ့်ခဲ့ရပြီပေါ့နော်.......။     ။
လွမ်းမိခဲ့တဲ့အချိန်တွေတိုင်းမှာသာ
ငါအတွက် ကြယ်လေးတွေဖန်ဆင်းပေးခဲ့မယ်ဆိုရင်
ကောင်းကင်ပေါ်မှာရှိနေတဲ့ ကြယ်စင်လေးတွေလိုပဲ
မရေတွက်နိုင်တော့ပါဘူး ချစ်သူ ရယ်       ။         ။