လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 April, 2012

သူ့ကိုစောင့်နေတယ် ...

လူတစ်ယောက်ကို ငါစောင့်နေတယ်....

ငါ့ဘဝထဲဝင်လာပြီး
ငါ့ရဲ့ပျော်ရွှင်ချမ်းမြေ့မှု၊ ဝမ်းနည်းနာကျင်မှုတွေကို
အတူမျှဝေခံစားပေးနိုင်တဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။

အချိန်အကြာကြီး ငါ့စောင့်နေခဲ့လို့
စောင့်ရကျိုးနပ်အောင်
ငါ့ကိုပိုတန်ဖိုးထားတဲ့လူတစ်ယောက်ကို ငါစောင့်နေတယ်။

ကုန်ဆုံးသွားတဲ့အချိန်တွေမှာ ငါ့အနားမရှိနိုင်ပေမယ့်
ငါ့ရဲ့မနက်ဖြန်တိုင်းအတွက် ငါ့လက်ကိုတွဲပြီး
အတူလျှောက်လှမ်းမယ့်လူတစ်ယောက်ကို ငါစောင့်နေတယ်။

ငါဟာပြီးပြည့်စုံသူတစ်ယောက်မဟုတ်မှန်း သိရက်နဲ့ ငါ့ကိုနှစ်သက်ပြီး
ငါ့ရဲ့ချွတ်ယွင်းချက်တွေကိုပါ နားလည်းပေးတတ်တဲ့လူတစ်ယောက်ကို
ငါ စောင့် နေ တယ်....