လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 February, 2012

အလွမ်းဒဏ်

ခရမ်းလွန်ရောင်ခြည်ထက်  စွမ်းအားပြင်းလွန်း
ကိုယ့်အရေပြားကို ဖောက်ထွင်း
နှလုံးသားထဲထိ ချဉ်းနင်း ဝင်ရောက်
သင့်ပုံသဏ္ဍာန်တွေက တစ်စိမ့်စိမ့်နှင့်
ဟောဒီရင်ဘတ်ထဲ ကို နေရာယူတယ် ...။  ။

စွဲလန်းမှုတွေနှင့် အိပ်မက်တဲ့ အခါ
မင်းရဲ့ရင်ခွင် တစ်ခုဟာ
ကိုယ့်အတွက် ဖြစ်လိုဖြစ်
အခုလက်တွေ့ ဖြစ်ရပ်မှာတော့
သင် နှင့် ကို
ညီမျှခြင်းဖြစ်တာ ဘာတစ်ခုမှ မရှိဘူး ...။ 

ခံစားချက်တွေ ကွဲလွဲခွင့် ရှိပေမယ့်လည်း
ကိုယ်တို့ နှစ်ယောက်ရဲ့
စိတ်ခံစားမှု ကတော့
လွဲပဲလွဲ နိုင်လွန်းကြရဲ့ကွာ
ဘယ်လိုဘာသာ ဗေဒမျိုးနှင့်
နှလုံးသားခြင်း နားလည်မှု ဖလှယ်ကြမလဲ ...။

ကိုယ်က မင်းထက်
သက္ကရာဇ်တွေ စောပြီး မွေးဖွားခဲ့လို့ပဲ
ခံစားမှုတွေ လွဲမှားကြလေသလား
အိပ်မက်တွေကြား ကိုယ့်မှာသာ
အယောင်ယောင် အမှားမှားနှင့် ...။

ဘာတွေပဲ ဖြစ်ဖြစ် ဘာမှမသိပဲ
မျက်လုံးကို စုံမှိတ်ပြီး ချစ်ခဲ့မိတာဟာ
အပြစ်တစ်ခုလို့ သတ်မှတ်မယ်ဆို
အဲဒီအပြစ်ကို ကျူးလွန်မိခဲ့တဲ့ အတွက်
အလွမ်းဒဏ် ကျခံဖို့ ကို အဆင်သင့်ပါ ...။





အလွမ်း ခရီးသည် ...

 “ ခွဲခွာခြင်း” ဆိုတဲ့ ...
ခြံစည်းရိုးရဲ့ တစ်ဖက်မှာ
အသည်းတစ်ခြမ်းက ကြေမွ အက်ကွဲ ...။  ။

တိတ်ဆိတ်တဲ့  ညဆိုတာ
ဝိုင် တစ်ခွက်လောက် မချိုမြိန်ပေမယ့်
ဝိုင် တစ်ခွက်က
နှလုံးသားကို အစားမထိုးနိုင်ပါဘူး ...။  ။

သတိရတယ် ...
မဆုံနိုင်တဲ့ မျဉ်းပြိုင် နှစ်ခု ကြားမှာ
ဆန့်ကျင် ကျောခိုင်းနေတဲ့ ဘဝ နှစ်ခုက
မျက်ရည်ဆိုတဲ့ ...
အလွမ်းမြစ် တစ်စင်း ကို ဖန်တီး နိုင်တာကလွဲလို့
စက်ဝိုင်း တစ်ခု ဖြစ်မလာခဲ့ဘူး ...။   ။

ကံကြမ္မာက ...
အလှမ်းကျဲတဲ့  ဖူးစာကို
မီးနီလေးပြ လမ်းခွဲလိုက်တယ် ...။    ။

ရူးသွပ်ခြင်းတွေကို
ခံစားချက်ဆိုပြီး ပုံဖော် ပြောခဲ့ပေမယ့်
ခံစားတတ်တဲ့ နှလုံးသားကတော့
ဆုတ်ဖြဲ ပြက္ခဒိန် တွေ တစ်နှစ် ကုန်တိုင်း
အမှတ်တရ ရထားတစ်စင်းလို
အရှိန်အဟုန်နဲ့  မောင်းနှင်နေတုန်း ...။   ။

                                              
                                                သင်းမြတ်နိုး(ပဲခူး)

ဂန္တဝင် အချစ်

တစ်ဘဝလုံး အတွက်
မျှော်လင့်ချက် ထားခဲ့သူကိုမှ
ရက်စက်လိုက်တာလား ချစ်သူ ...။  ။

နင့်ရဲ့အပြာရောင်တွေလို
ပူလောင်ခြင်းနှင့်သာ မျှော်လင့်မိခဲ့သူ
ငါဟာ ...
အတောင်မဲ့  ငှက်တစ်ကောင်ပါ ...။   ။

ဥပေက္ခာတရားနှင့်  လက်တွဲသွားခဲ့တဲ့ နင့်ကို
ရက်စက်တယ်လို့  မပြောရက်ခဲ့ပါဘူး ...
အရင်တုန်းကတော့
ငါ့ကောင်းကင်ဟာ  မင်းကြောင့်ကြည်လင်ခဲ့ဖူး ...။   ။

အခု...
ခပ်စိမ်းစိမ်း ပင်လယ်ငိုသံတွေ
ပြီးတော့  ကောင်းကင်ကွဲသံတွေ
ငါ့မတွက်လို့ ရည်စူးပြီး
နင်ထားခဲ့ရက်တယ်ပေါ့ ...။   ။

ရပါတယ် ချစ်သူ ...
နင်လိုအပ်တဲ့  အချိန်တိုင်းမှာ
ငါအသင့် ရှိနေဦး မှာပါ ...
ငါလေ ...
နင့်ကို ချစ်တဲ့
အချစ်စိတ်  တစ်ခုတည်းနှင့်
ပစ္စုပ္ပန်မှာ  အသက်ဆက်ရှင်ချင်သေးတယ် ...။   ။

ထာဝရ (ကသာ)


နင့်အတွက် ...

ချစ်သူ............
နင်နဲ့ငါချစ်ခဲ့တာခဏလေး
နင်မေ့လိုက်ဖို့ပြောတာလွယ်လွယ်လေးနော်

ငါတစ်ကယ်ခံစားကတယ်
ရင်ထဲအသည်းထဲကလဲနာတယ်
ငါပြောသမျှကနင့်အတွက်မုသားတွေလို့ထင်နေလား
အဲ့ဒီလိုထင်၇င်မှားသွားမှာပေါ့..........

အချစ်မှာဂုဏ်တွေဒြပ်တွေမလိုပါဘူး
လူနှစ်ဦး၇င်ထဲကချစ်နေဖို့ကအဓိကပါ
နင့်ကိုငါချစ်ခဲ့တာဂုဏ်တွေမက်လို့ချစ်ခဲ့တာမဟုတ်ဘူး
ငါနင့်ကိုတစ်ကယ်ချစ်ခဲ့တာပါချစ်သူရယ်.......

ခုချိန်မှာနင့်ကငါကိုလမ်းခွဲဖို့ပြော၇င်
ငါရင်မှာဘယ်လောက်ထိနာကြင်ခံစား၇မလဲချစ်သူ..........
နင်အလိုကျငါနေခဲ့တာဘဲလေ
ငါဘက်ကနင့်အပေါ်လွန်တာ၇ှိ၇င်လည်းငါပြင်ခဲတယ်လေ

နင်ငါကိုထားခဲ့တော့မှာလား.........
ငါနင်ကိုဘယ်လောက်ချစ်လဲဆိုနင်သိမှာပါ...........

ဒီကဗျာလေးကလဲနင့်အတွက်ပါ
ငါဘယ်လောက်နင့်ကိုချစ်လဲဆိုတာနင်သိဖို့အတွက်ပါ.............

                                 Bay Bay ( ခံစားရေးစပ်သည်)

အတုအယောင်

ချစ်ခဲ့တာလား..........
မထင်ခဲ့မိပါဘူး လှည့်စားသွားတာပါ...........
အပေါစားအချစ်တဲ့လား..........

မာယာများတဲ့မင်း
တစ်ဆစ်ဆစ်နဲ့နာကြင်တယ်သိလား
လှည့်မကြည့်ချင်အောင်မုန်းတယ်.............

နင်ငါကိုချစ်ခဲ့တာကအတုအယောင်တွေပါ
ငါကတော့ပေးလိုက်၇တာ............
ငါပြန်၇တာ ဘာတွေလဲ......
ငါဆိုတဲ့လူတစ်ယောက်က နင့်အတွက်ကစားစ၇ာလာ
နင်သိဖို့ကနင့်အတွက်ငါမှာခံစားဖို့နေ၇ာတောင်မ၇ှိတော့ဘူး

လှည့်ကြည့်ဖို့နေနေသာ လမ်းမှာတွေ့တာတောင်.............
နင့်မျက်နှာကိုမုန်းလွန်းအားကြီးလို
ကြည့်တောင်မကြည့်ချင်ဘူး.............

ငါအတွေးထဲဝင်လာတောင်မောင်းထုတ်ပြစ်လိုက်မယ်..
အမုန်းတွေပေါ် အမုန်းတွေဆင့်ပြီး
နင့်ကိုငါအ၇မ်းမုန်းတယ်.......................။

Bay Bay (ခံစားရေးစပ်သည်)