“ ခွဲခွာခြင်း” ဆိုတဲ့ ...
ခြံစည်းရိုးရဲ့ တစ်ဖက်မှာ
အသည်းတစ်ခြမ်းက ကြေမွ အက်ကွဲ ...။ ။
တိတ်ဆိတ်တဲ့ ညဆိုတာ
ဝိုင် တစ်ခွက်လောက် မချိုမြိန်ပေမယ့်
ဝိုင် တစ်ခွက်က
နှလုံးသားကို အစားမထိုးနိုင်ပါဘူး ...။ ။
သတိရတယ် ...
မဆုံနိုင်တဲ့ မျဉ်းပြိုင် နှစ်ခု ကြားမှာ
ဆန့်ကျင် ကျောခိုင်းနေတဲ့ ဘဝ နှစ်ခုက
မျက်ရည်ဆိုတဲ့ ...
အလွမ်းမြစ် တစ်စင်း ကို ဖန်တီး နိုင်တာကလွဲလို့
စက်ဝိုင်း တစ်ခု ဖြစ်မလာခဲ့ဘူး ...။ ။
ကံကြမ္မာက ...
အလှမ်းကျဲတဲ့ ဖူးစာကို
မီးနီလေးပြ လမ်းခွဲလိုက်တယ် ...။ ။
ရူးသွပ်ခြင်းတွေကို
ခံစားချက်ဆိုပြီး ပုံဖော် ပြောခဲ့ပေမယ့်
ခံစားတတ်တဲ့ နှလုံးသားကတော့
ဆုတ်ဖြဲ ပြက္ခဒိန် တွေ တစ်နှစ် ကုန်တိုင်း
အမှတ်တရ ရထားတစ်စင်းလို
အရှိန်အဟုန်နဲ့ မောင်းနှင်နေတုန်း ...။ ။
သင်းမြတ်နိုး(ပဲခူး)