လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

03 March, 2012

“ ဆုံးမစာ ”

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။

သန်းခေါင် လကွယ်၊
တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊
လျှပ်မကြိုက်သား၊ အမိုက်အပြား၊
အင်လေးပါးထက်၊ နင်ကားရာထောင်၊
မကမှောင်၏။

ဘယ်တော့လည်း ...

ဘယ်တော့လည်းကွယ်
ကိုယ့်ရင်ထဲက အချစ်တွေမင်းအသိအမှတ်ပြုသောနေ့....
ဘယ်တော့လည်းကွယ်
မင်းရင်ထဲက အချစ်တွေကိုယ်ပိုင်ဆိုင်ရမယ့်ရက်....
ဘယ်တော့လည်းကွယ်
ကိုယ့်အချစ်မင်းအချစ် အပြန်အလှန်သက်သေထူမယ့်အချိန်...
ဘယ်တော့လည်းကွယ်
ဒါကိုယ့်ချစ်သူပါလို့ လူပုံအလယ် ကြွားနိုင်မယ့်အခါ....
ဘယ်တော့လည်းကွယ်
မင်းချစ်သူ ကိုယ်ပါလို့ ရင်ကော့ခေါင်းမော့ မော်နိုင်မယ့်ကာလ....
အင်း....ဘယ်တော့....ဘယ်တော့
ဘယ်တော့လည်းကွယ်
စောင့်စားနေခဲ့
မျှော်လင့်နေရဲ့
တမ်းတနေသကွဲ့
အသည်းနဲ့ထပ်တူ
မြတ်နိုးသူမို့
ဘယ်သို့ တောင်းဆိုမှ
တုံ့ပြန်မှုရမယ်ဆိုတာ
မသိနိုင်ပါ ဒါကိုယ့်အားနည်းချက်
အသက်ရေ ခွင့်လွှတ်နိုင်ပါသလား
အဲဒါလည်းပဲ.....ဘယ်တော့လည်းကွယ်

အချစ်ဆိုတာ ...

အချစ်ဆိုတာ ...

ပျော်ရွှင်ခြင်းတွေရဲ့ သင်္ကေတ

ဝမ်းနည်းမှုအမှတ်တံဆိပ်

အောင်မြင်ခြင်းတွေရဲ့ မြစ်ဖျားခံရာ

ရှုံးနိမ့်မှုတွေရဲ့ ရေသောက်မြစ်

အရာရာတိုင်းမှ သူပါနေတတ်ပြီး

တစ်ခါတစ်ခါတော့လည်း

အချစ်ဆိုတာဘာမှမဟုတ်သလိုပါပဲ ကွယ်....

ထိုမျှမကသော ...

မင်းကို ချစ်တာတွေသာ
သစ်ပင်ဖြစ်ရင်
ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်
အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်....
မင်းကိုလွမ်းတာတွေသာ
ပန်းဖြစ်ရင်
ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့
ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့....
မင်းကိုတမ်းတတာတွေသာ
ရေဖြစ်ရင်
ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ
အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ....
မင်းကိုသတိရတာတွေသာ
ရွှေဖြစ်ရင်
ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့
လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်....
ကဲ..ကဲ...
ပိုတယ်ပြောမနေနဲ့
လိုတယ်လို့တောင်ထင်တယ်
ကိုယ်ရဲ့အချစ်
ကိုယ့်မေတ္တာဟာ
ကမ္ဘာမြေသိန်းသန်းအထု
အစုစုမက
စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်
အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်....

မနာခံတတ်သော နှလုံးသား

မင်းကို ချစ်ပါတယ်
ဒါပေမယ့်လည်းကွယ်
ထိရှလွယ်တဲ့နှလုံးသားကို ဒဏ်ရာထင်မှာစိုးတယ် ...။   ။

မင်းကို လွမ်းချင်တယ်
ဒါပေမယ့်လည်းကွယ်
တမ်းတတတ်တဲ့နှလုံးသားကို မညှင်းဆဲချင်တော့ဘူး ...။  ။

မင်းကို မေ့ချင်တယ်
ဒါပေမယ့်လည်းကွယ်
စွဲငြိတတ်တဲ့နှလုံးသားကို မလွန်ဆန်နိုင်ဘူး ...။   ။

မင်းကို မုန်းချင်တယ်
ဒါပေမယ့်လည်းကွယ်
ချစ်တတ်လွန်းတဲ့ နှလုံးသားက ခွင့်မပြုပါဘူးတဲ့ ...

သြော် ... နှလုံးသားရယ်
နုနယ်ရက်နဲ့ ဘာကြောင့်ခေါင်းမာရပါသလည်းကွယ် ...။   ။


ကိုသူ(၂၀.၁၁.၀၈)

နှလုံးသားနဲ့ ရန်ဖြစ်ခြင်း

မေ့ထားပါတယ်ဆို
ပေါ်လာတဲ့ ပုံရိပ်
တထိတ်ထိတ်ရင်ခုန်အောင်
မစွဲဆောင်ပါနဲ့လားကွယ် ...။   ။

သတိမရချင်တော့ပါဘူးဆို
ချစ်တတ်တဲ့ ဒီနှလုံးသား
မခံစားတတ်တော့အောင်
မစွမ်းဆောင်နိုင်တော့ဘူးလားကွယ် ...။   ။

မလာတော့ပါဘူးဆို
သွားချင်နေတဲ့ ဒီအချစ်စိတ်
တိတ်တိတ်လေးကြေကွဲ
အသည်းမရှိချင်တော့ပါဘူး တကယ် ...။   ။

ကိုသူ(၂၀.၁၁.၀၈)

ကဗျာ ဆိုတာ ...


ကာရန်တွေ ဝေရီနေဆဲ
အဲ့ဒါလည်းကဗျာ...
စာသားတွေ စီကာရစ်ဝဲ
အဲ့ဒါလည်းကဗျာ...
ခံစားမှုတွေ ရင်အနှံပေါက်ပွား
နှလုံးသား အခြေက ပွင့်အံသွား
ရှင်သန်ပွားများ ရေးသားသီကာ
အားလုံးဟာ ကဗျာပါပဲကွယ်လို့
ယုံကြည်နေတယ် တို့ထာဝရပါလေ ...။   ။

ကိုသူ
10.12.08