လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

03 March, 2012

ဘယ်တော့လည်း ...

ဘယ်တော့လည်းကွယ်
ကိုယ့်ရင်ထဲက အချစ်တွေမင်းအသိအမှတ်ပြုသောနေ့....
ဘယ်တော့လည်းကွယ်
မင်းရင်ထဲက အချစ်တွေကိုယ်ပိုင်ဆိုင်ရမယ့်ရက်....
ဘယ်တော့လည်းကွယ်
ကိုယ့်အချစ်မင်းအချစ် အပြန်အလှန်သက်သေထူမယ့်အချိန်...
ဘယ်တော့လည်းကွယ်
ဒါကိုယ့်ချစ်သူပါလို့ လူပုံအလယ် ကြွားနိုင်မယ့်အခါ....
ဘယ်တော့လည်းကွယ်
မင်းချစ်သူ ကိုယ်ပါလို့ ရင်ကော့ခေါင်းမော့ မော်နိုင်မယ့်ကာလ....
အင်း....ဘယ်တော့....ဘယ်တော့
ဘယ်တော့လည်းကွယ်
စောင့်စားနေခဲ့
မျှော်လင့်နေရဲ့
တမ်းတနေသကွဲ့
အသည်းနဲ့ထပ်တူ
မြတ်နိုးသူမို့
ဘယ်သို့ တောင်းဆိုမှ
တုံ့ပြန်မှုရမယ်ဆိုတာ
မသိနိုင်ပါ ဒါကိုယ့်အားနည်းချက်
အသက်ရေ ခွင့်လွှတ်နိုင်ပါသလား
အဲဒါလည်းပဲ.....ဘယ်တော့လည်းကွယ်