လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

16 July, 2012

သူသိပါစေ


မြင်စေချင်လိုက်တာ.....
ခူးစွတ်မှ
ကြွေကျမယ်မှန်း သိပေမဲ့
မလှမ်းဝံ့ခဲ့တာပါ.....
အုံ့ပုန်းချစ် မဟုတ်ပါဘူး
အမုန်းနွံ နစ်မှာ စိုးလို့ပါ....

စေတနာစကားများ နားမှာ မခါးသင့်ပါ ...း)

"က"မှ"အ" အက္ခရာ
နောမကျေသေးပဲနဲ့
ဒီအတိုင်းရှေ့ဆက် သွားသင့်သလား ?
သင်ယူရင်း ရှေ့ဆက်သွားသင့်သလား ?
ကိုယ့်သမိုင်း ကိုယ်တိုင်ရေးတဲ့သူတွေ ချည်းပါပဲ ။။။။

အချိန်မီ နောင်တမရခင်
ပြန်စမ်းစစ်ကြည့်သင့်တယ်
တစ်ဘက်တည်း ကြည့်တဲ့သူတွေ
တစ်ဘက်တည်း မြင်တဲ့သူတွေ
တစ်လမ်းတည်း သွားတဲ့သူတွေ
တစ်လမ်းတည်းပဲ သွားတတ်တဲ့သူတွေ
"မှန်"လို လူမျိုးနဲ့ မကြုံမိစေချင်ဘူး။။။။

လူနာ

စာအုပ်ကိုဖွင့်လိုက်တယ်
စာမျက်နှာထဲ ဘာမှပါမလာဘူး။

ခွက်ထဲက လက်ဖက်ရည်
ပါးစပ်ထဲ စောင်းငဲ့ထည့်လိုက်တယ်
လက်ဖက်ရည်ထဲမှာ လက်ဖက်ရည်ပါမလာဘူုး။

အမျှင် ...

ညှို့မယ့် ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ   . . .။

ကိုယ်ကလွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့။

ချစ်တယ် ...း)

အဖိုးကလည်း  အဖွားကို
ချစ်တယ်လို့ပြောခဲ့တယ် ...။     ။

အဖေကလည်း အမေ့ကို
ချစ်တယ်လို့ပြောခဲ့တယ် ...။    ။

တကယ်တော့ ...
ချစ်တယ်ဆိုတဲ့စကားလေးနှစ်လုံး
နှုတ်ဖျားက ထွက်ပေါ်လာဖို့
လက်ဖျောက်တစ်ချက်တီးရုံ
စက္ကန့်တစ်ခုန်နှစ်ခုန်စာလောက်ပဲ ကြာတာပါ ...။     ။

အသည်းကွဲ မိနစ်ကိုးဆယ် -

ဟော ...
ဒီတနေ့ပြီးတနေ့  ဖြတ်သန်းလာတဲ့
မနက်ဖြန်တွေဆီက ငါပြန်ရတာဆိုလို့
မနေ့ကထက် ဒီနေ့ကိုပိုစွဲလမ်းတတ်လာတာပါ ချစ်သူ ...။    ။

ကိုယ့်ဘာသာဆေးဆိုးထားရတဲ့ ဥပေက္ခာတရားမှာ
အိပ်ငွေ့ချထားတဲ့ အမှတ်တရက
တခါတလေတရေးနိုးနိုးလာတယ် ...။    ။

နှလုံးသား၏ လျှို့ဝှက်ခန်း

နေ့ တနေ့ ရဲ့ မျှော်လင့်ချက်တွေ ကုန်ခမ်းစပြု ချိန်မှာ
မြင်ဖူးသမျှထဲမှာ ကြည်နှူးစရာအကောင်းဆုံးလို့ ထင်တဲ့
သိုလှောင်ထားတဲ့ နှလုံးအိမ်ဟာ 
အရေးအပါဆုံးတခုအဖြစ် ရပ်တည်နေဆဲပါဘဲ ... ။    ။

“ ချစ်နိုင်သမျှထက် ပိုပါတယ်......ရှင်... ” လို့ 
ဂုဏ်သရေရှိစွာနဲ့  ငိုရှိုက်ပြောနေတဲ့
မျက်လုံးထဲက ခံစားချက်မှာ အဆင့်အတန်း မလိုပါဘူးကွာ ... ။    ။

နောင်တရမိတဲ့ ကျက်သရေရှိတဲ့ကိစ္စတွေ
ရပ်တန်းကရပ်မသွားဖို့ တောင်းဆိုပါရစေ ...
မိန်းမတစ်ယောက်ဟာ အလှအပဘဲ ရှိတာမဟုတ်ဘူးဆိုတာ
အပြောင်းအလဲလေး နည်းနည်းလောက် လုပ်ကြည့်ရင်သိနိုင်ပါတယ် ... ။    ။

ဖြေသိမ့်မှု့ပေးနိုင်ဖို့အတွက် ရဲရင့်မှုလိုတယ် ...
ယောင်္ကျားတိုင်းဟာ အတူတူပဲလို့ မင်းယူဆမလား ... ။   ။

သိပ်ကိုထူးခြားတဲ့ မင်းကသာ
အရာရာကို မျှဝေပေးခဲ့ရင်
သုံးပြီးသားနှလုံးသားက  ဟောင်းသွားတယ်လို့ မရှိပါဘူး ... ။    ။

ရှင်သန်စွဲမြဲဖို့ ကြံမိကြံရာ လုပ်ခြင်းတမျိုးဟာ
နောက်ဆုံးအခွင့်အလမ်းတွေကြားထဲမှာ သောင်တင်ပိတ်မိနေတာပေါ့ ... 
နှလုံးသားနှင့် ချစ်ခြင်းဟာ တစ်ခြားစီပါကွာ ...။     ။

မင်းရဲ့ကဗျာဆန်တဲ့လက်တွေ ငါ့နှလုံးအိမ်ထဲ ဖောက်ဝင်သွားတာ
ငါတစ်ယောက်ပဲသိတယ်ဆိုတာ  ယုံလိုက်စမ်းပါ ...
ထပ်ပြီး ကတိပေးတယ် ... ဘယ်ကိုမှ မပြေးပါဘူးလို့  ...။     ။