အဖိုးကလည်း အဖွားကို
ချစ်တယ်လို့ပြောခဲ့တယ် ...။ ။
အဖေကလည်း အမေ့ကို
ချစ်တယ်လို့ပြောခဲ့တယ် ...။ ။
တကယ်တော့ ...
ချစ်တယ်ဆိုတဲ့စကားလေးနှစ်လုံး
နှုတ်ဖျားက ထွက်ပေါ်လာဖို့
လက်ဖျောက်တစ်ချက်တီးရုံ
စက္ကန့်တစ်ခုန်နှစ်ခုန်စာလောက်ပဲ ကြာတာပါ ...။ ။
ကျွန်တော်ပြောမယ်ဆိုကာမှ
စက္ကန့်ပေါင်း များစွာ
မိနစ်ပေါင်း များစွာ
နာရီပေါင်း များစွာ
နေ့ရက်ပေါင်း များစွာ
.... များစွာ .... များစွာနဲ့ ကြာသွားခဲ့တယ် ...။ ။
ခင်များတို့ပြောကြည့်စမ်းပါဗျာ ...း)
“ချစ်တယ်"”...လို့
တစ်ကယ် ဘုရားစူး နှစ်လုံးတည်း ရယ်ပါ ...။ ။