လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

16 July, 2012

နှလုံးသား၏ လျှို့ဝှက်ခန်း

နေ့ တနေ့ ရဲ့ မျှော်လင့်ချက်တွေ ကုန်ခမ်းစပြု ချိန်မှာ
မြင်ဖူးသမျှထဲမှာ ကြည်နှူးစရာအကောင်းဆုံးလို့ ထင်တဲ့
သိုလှောင်ထားတဲ့ နှလုံးအိမ်ဟာ 
အရေးအပါဆုံးတခုအဖြစ် ရပ်တည်နေဆဲပါဘဲ ... ။    ။

“ ချစ်နိုင်သမျှထက် ပိုပါတယ်......ရှင်... ” လို့ 
ဂုဏ်သရေရှိစွာနဲ့  ငိုရှိုက်ပြောနေတဲ့
မျက်လုံးထဲက ခံစားချက်မှာ အဆင့်အတန်း မလိုပါဘူးကွာ ... ။    ။

နောင်တရမိတဲ့ ကျက်သရေရှိတဲ့ကိစ္စတွေ
ရပ်တန်းကရပ်မသွားဖို့ တောင်းဆိုပါရစေ ...
မိန်းမတစ်ယောက်ဟာ အလှအပဘဲ ရှိတာမဟုတ်ဘူးဆိုတာ
အပြောင်းအလဲလေး နည်းနည်းလောက် လုပ်ကြည့်ရင်သိနိုင်ပါတယ် ... ။    ။

ဖြေသိမ့်မှု့ပေးနိုင်ဖို့အတွက် ရဲရင့်မှုလိုတယ် ...
ယောင်္ကျားတိုင်းဟာ အတူတူပဲလို့ မင်းယူဆမလား ... ။   ။

သိပ်ကိုထူးခြားတဲ့ မင်းကသာ
အရာရာကို မျှဝေပေးခဲ့ရင်
သုံးပြီးသားနှလုံးသားက  ဟောင်းသွားတယ်လို့ မရှိပါဘူး ... ။    ။

ရှင်သန်စွဲမြဲဖို့ ကြံမိကြံရာ လုပ်ခြင်းတမျိုးဟာ
နောက်ဆုံးအခွင့်အလမ်းတွေကြားထဲမှာ သောင်တင်ပိတ်မိနေတာပေါ့ ... 
နှလုံးသားနှင့် ချစ်ခြင်းဟာ တစ်ခြားစီပါကွာ ...။     ။

မင်းရဲ့ကဗျာဆန်တဲ့လက်တွေ ငါ့နှလုံးအိမ်ထဲ ဖောက်ဝင်သွားတာ
ငါတစ်ယောက်ပဲသိတယ်ဆိုတာ  ယုံလိုက်စမ်းပါ ...
ထပ်ပြီး ကတိပေးတယ် ... ဘယ်ကိုမှ မပြေးပါဘူးလို့  ...။     ။