လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

16 July, 2012

စေတနာစကားများ နားမှာ မခါးသင့်ပါ ...း)

"က"မှ"အ" အက္ခရာ
နောမကျေသေးပဲနဲ့
ဒီအတိုင်းရှေ့ဆက် သွားသင့်သလား ?
သင်ယူရင်း ရှေ့ဆက်သွားသင့်သလား ?
ကိုယ့်သမိုင်း ကိုယ်တိုင်ရေးတဲ့သူတွေ ချည်းပါပဲ ။။။။

အချိန်မီ နောင်တမရခင်
ပြန်စမ်းစစ်ကြည့်သင့်တယ်
တစ်ဘက်တည်း ကြည့်တဲ့သူတွေ
တစ်ဘက်တည်း မြင်တဲ့သူတွေ
တစ်လမ်းတည်း သွားတဲ့သူတွေ
တစ်လမ်းတည်းပဲ သွားတတ်တဲ့သူတွေ
"မှန်"လို လူမျိုးနဲ့ မကြုံမိစေချင်ဘူး။။။။


အဆိုးနဲ့အကောင်း
ရန်သူနဲ့မိတ်ဆွေ
ချစ်သူနဲ့မုန်းသူ
ဆန့်ကျင်ဘက်အရာတွေတောင်
တစ်ခါတစ်ရံမှာ ညီမျှခြင်း ချသွားတတ်တာပဲ
လောကနိယာမတရားတွေထဲမှာ
ငါတို့တွေ ရုန်းကန်နေသမျှ
အပူ အအေး မမျှတစရာ မရှိပါဘူး ။။။။

အဲဒီအခါ ...
ဆရာသုမောင် ပြောသလို
မိမိကျေးဇူးကို မေ့ပစ်ပြီး
သူတစ်ပါးကျေးဇူးကို
ဘယ်တော့မှ မမေ့ပါနဲ့
သူငယ်ချင်း ...။။။။။

                                                                 အန်(န်)စလင်း