လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

25 January, 2012

ဓါတ်ပုံလေး


မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

သိမ်းထားတဲ့ ဓါတ်ပုံလေး

သတိရတိုင်း ထုတ်ကြည့်မိတယ်

ကြည့်လိုက်တိုင်း ဆွေး

ငါကဓါတ်ပုံလေး ကိုငေး

ဓါတ်ပုံလေးက ငါ့ကိုငေး

ကြည့်ရင်း လွမ်းတယ်...


ချစ်သူ

မျက်စိကိုမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည် ...။    ။

အလွန်ဝေးကွာသည့် အရပ်ကို ရောက်နေပါလျက်
ပင်လယ်ပြာကို  စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်...။     ။

အခန်းကျဉ်းထဲမှာ  အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို  ခံစားရရှိနေတတ်ပြန်ပါသည်  ... ။     ။

သေဆုံးသည်အထိ ....
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ချစ်သူသာဖြစ်၏ .... ။      ။