သူတို့တွေ အိပ်တန်းပြန်ကြပြီ.......
...
...
မနက်ဆို အရုဏ်တက်
အလင်းစက်ကို သောက်
လောကကို တောက်ပစေတဲ့အရာ
နေသာသတဲ့လား...?
...
ကျွတ်ကျွတ်ညံ အသံပေးလို့
ဝမ်းရေးအတွက် လှုံ့ဆော်
လာကြဟေ့ ဘောဒါတို့
ငါတို့တွေ အစာရှာထွက်မယ်...
...
ညောင်သီးကိုစားရင်း လေးသံကိုစွင့်
ခဲမှန်တာကို ကျင့်သားရလို့
ထုသားပေသားကျသူ
နွေနေပြင်းက ပူလိုက်တာ...
...
ဟိုမှာ လေနီကြမ်း ဟိုမှာ လက်သရမ်းသူ
ဟိုမှာ ဇာတ်တူရာစား ဟိုမှာ မုဆိုးများ
အားနည်းသူအတွက် လုံခြုံရာ
ဘယ်ဌာနမှာ ရှာမတွေ့ဘူး...
...
ဘာအတွက်လဲ ဘာ့ကြောင့်လဲ
ဘယ်သူတွေစီရင်ပြီး ဘယ်သူတွေပြစ်ဒဏ်ခတ်ခဲ့တာလဲ
အသိုက်ထဲက ထွက်ခဲ့တဲ့ ကျနော်
ခိုနားရာကို မျှော်တတ်လာပြီ...
...
မျက်စိလည် အတောင်ညောင်း
တောင်စောင်းမှာ နေကွယ်
အိပ်တန်းကို ပြန်မယ်ကြံကာမှ
ငါ့အသိုက်ကို ဘယ်သူက နေရာရွေ့ထားသလဲ...
...
နီးရက်နဲ့ဝေး ခရီးဆက်မယ့်အရေးမှာ
ရွှေပြည်တော်လည်း မျှော်တိုင်းဝေး
တောမြိုင်ထဲမှာ ကျားရဲဘေးကြောင့်
ထွက်ပေါက်ကို ဘယ်လိုရှာရမလဲ...
...
ပစ္စုပ္ပန်ဆိုတာမသိ အနာဂါတ်ဆိုတာမရှိ
မှီခိုရာကင်းသည့် ဘဝမှာ
ဦးတည်ရာမဲ့ ပျံသန်းရင်း
ပန်းတိုင်မရှိတဲ့ ခရီးက ကြမ်းတယ်...
...
အမေရယ်...ဘယ်မှာလဲ
အဖေရယ်...ဘယ်မှာလဲ
ပြည်တော်ပြန် ကံနည်းတဲ့ကျုပ်
ညနေဆို မိုးချုပ်မှာ ကြောက်တတ်လာခဲ့...
...
ဒီအချိန်ဆို မိသားစုနဲ့
သူတို့တွေ ပျော်နေလောက်ပြီ
ခိုနားရာ ရှားတဲ့ဘဝ
ပူတယ်အေးတယ် ရွေးမရလို့
သက်စောင့်အနွေးဓါတ်နဲ့ အန်တု
ဒုက္ခကို အဖော်ပြုရင်း
ခဏလောက် မှေးစက်ဖို့ ခွင့်ပြုကြပါ...
...
သူတို့တွေ အိပ်တန်းပြန်ကုန်ကြပြီ...
...
ကျနော်လည်း အိပ်ငိုက်လာပြီ အမေ...။ ။
.........
...
.
မိဝေးဖဝေး ချစ်သူဝေးမှာ အသိုက်ပျောက်နေကြရှာသော ငှက်ငယ်လေးများအားလုံး၏ကိုယ်စား...
တောက ကိုရင်
18 April, 2012
♥♥♥အလွမ်းဒဏ်ရာ♥♥♥
ချစ်ခြင်းနဲ့ စ လွမ်းခြင်းနဲ့ ဆုံး
စကားလုံးတွေများစွာ ငါ့ရင်မှာ
တကယ်ရှိခဲ့ပြီ.....။
ကောင်းကင်ယံက ကြယ်ကြွေတဲ့ညပေါ့
ကောင်းကင်ကြီးကိုကြည့် ပါးပြင်မှာလည်း
မျက်ရည်တခို့ နဲ့  ခံစားမိရတာပေါ့.....။
ကြယ်လေးတွေမှာ အဖြေရှိမယ်ဆို
အဖြေမသိသေးတဲ့ အလွမ်းသမားလေးအကြောင်း
မိုးတွေရောသိလား အချစ်ဟာဘာလဲဆိုတာ????
ဒီလိုနဲ့  ငါ့နှလုံးသားရဲ့ ဒိုင်ယာရီနေ့ တွေ
ဘ၀ရင့်ရော်နေခြင်းမှာ တိမ်လွှာမဆန်တဲ့
အချစ်ရဲ့အဆုံးသတ် အံ့သြမူ့ တွေနဲ့ 
မပြုံးတတ်တဲ့ မိုးသက်တန့် ကြီးကိုလည်း
မတမ်းတချင်တော့ဘူး.......။
တမ်းတမိတဲ့  လမင်းလေးလည်း
ငါ့နားမရှိလေတော့........
အားငယ်သူမှာ ဖေးကူသူမရှိလို့ 
သင်မှာသာစွမ်းအားရှိမယ်ဆို
ငါလေ တောင်းဆုတခုပြုချင်တယ်.....။
အချစ်ကြောင့်ရေးတိုင်း သတ်င်္ပုမှားတဲ့ငါ့ကို
အဖော်မွန်စစ်နဲ့ တွေ့ ခွင့်ပေးပါ
ကြယ်လေးရယ်.........။
စကားလုံးတွေများစွာ ငါ့ရင်မှာ
တကယ်ရှိခဲ့ပြီ.....။
ကောင်းကင်ယံက ကြယ်ကြွေတဲ့ညပေါ့
ကောင်းကင်ကြီးကိုကြည့် ပါးပြင်မှာလည်း
မျက်ရည်တခို့ နဲ့  ခံစားမိရတာပေါ့.....။
ကြယ်လေးတွေမှာ အဖြေရှိမယ်ဆို
အဖြေမသိသေးတဲ့ အလွမ်းသမားလေးအကြောင်း
မိုးတွေရောသိလား အချစ်ဟာဘာလဲဆိုတာ????
ဒီလိုနဲ့  ငါ့နှလုံးသားရဲ့ ဒိုင်ယာရီနေ့ တွေ
ဘ၀ရင့်ရော်နေခြင်းမှာ တိမ်လွှာမဆန်တဲ့
အချစ်ရဲ့အဆုံးသတ် အံ့သြမူ့ တွေနဲ့ 
မပြုံးတတ်တဲ့ မိုးသက်တန့် ကြီးကိုလည်း
မတမ်းတချင်တော့ဘူး.......။
တမ်းတမိတဲ့  လမင်းလေးလည်း
ငါ့နားမရှိလေတော့........
အားငယ်သူမှာ ဖေးကူသူမရှိလို့ 
သင်မှာသာစွမ်းအားရှိမယ်ဆို
ငါလေ တောင်းဆုတခုပြုချင်တယ်.....။
အချစ်ကြောင့်ရေးတိုင်း သတ်င်္ပုမှားတဲ့ငါ့ကို
အဖော်မွန်စစ်နဲ့ တွေ့ ခွင့်ပေးပါ
ကြယ်လေးရယ်.........။
မင်းမသိတဲ့ ငါ့အချစ် ...
ခဏတာအပျော် မဟုတ်...
ဘ၀မှာရည်စူးပြီး ချစ်ခဲ့တယ်...
ရစ်ပတ်တဲ့ သံယောဇဉ်....တပ်ဆင်တဲ့ ငါ့ရဲ့ မေတ္တာ...
နင်ထင်သလို အပေါစားမဟုတ်ခဲ့ဘူး.....
နင့်အမြင်မှာတော့.....
သံယောဇဉ် ကင်းတဲ့ ခပ်တင်းတင်း မျက်နှာနဲ့ ....
ခံစားချက် ကိုပိတ်လှောင်...
နှလုံးသားကို....အမှောင်ချထားသူပေါ့....
နင်ကြည့်တတ်မယ်ဆိုရင်...
နင်မြင်နိုင်မှာပါ.............
ငါ့ရင်ထဲမှာ နင့်ကိုအသည်းနင့်အောင်ချစ်တယ် ဆိုတာကိုလေ ...။ .။
ခိုင်ဖြိုးဇင်
ဘ၀မှာရည်စူးပြီး ချစ်ခဲ့တယ်...
ရစ်ပတ်တဲ့ သံယောဇဉ်....တပ်ဆင်တဲ့ ငါ့ရဲ့ မေတ္တာ...
နင်ထင်သလို အပေါစားမဟုတ်ခဲ့ဘူး.....
နင့်အမြင်မှာတော့.....
သံယောဇဉ် ကင်းတဲ့ ခပ်တင်းတင်း မျက်နှာနဲ့ ....
ခံစားချက် ကိုပိတ်လှောင်...
နှလုံးသားကို....အမှောင်ချထားသူပေါ့....
နင်ကြည့်တတ်မယ်ဆိုရင်...
နင်မြင်နိုင်မှာပါ.............
ငါ့ရင်ထဲမှာ နင့်ကိုအသည်းနင့်အောင်ချစ်တယ် ဆိုတာကိုလေ ...။ .။
ခိုင်ဖြိုးဇင်
အသိကိုခံစားဖြစ်တည်မှု ...
အရှိအတိုင်းပြောပြခွင့် အချိန်ရှိသော်လည်း
လုံ့လနည်းတဲ့ ငါ့နှုတ်ကြောင့်ငါ ...
အမှန်အတိုင်းရှင်းပြခွင့် ရှိခဲ့ပေမဲ့လည်း
ရှင်းပြဖို့မလိုတဲ့ ငါ့လုပ်ရပ်ကြောင့် ငါ ...
အသိအတိုင်းငါ့ရင်မှာ ရှိနေသော်ငြား
အမှန်အတိုင်း ရပ်တည်နေချိန်မှာ ...
(အရှိအတိုင်း ရှိမနေတော့ဘူး)
မှောင်သောတဘက်မှာခိုလှုံရင်း
အလင်းရဲ့တန်ဖိုးကိုခံစားကြည့်တယ်
အမှောင်ဘက်ကို နင် နားလည်မယ်ဆို
ငါသည်လည်းဘဲ (အရှိအတိုင်း ရှိမနေပါဘူး )
အသိကို ခံစား ပြီး ဖြစ်တည်နေမဲ့ ဘဝတစ်ခုရယ်ပါ ။ ။
ခွန်ခမ်းစံ
လုံ့လနည်းတဲ့ ငါ့နှုတ်ကြောင့်ငါ ...
အမှန်အတိုင်းရှင်းပြခွင့် ရှိခဲ့ပေမဲ့လည်း
ရှင်းပြဖို့မလိုတဲ့ ငါ့လုပ်ရပ်ကြောင့် ငါ ...
အသိအတိုင်းငါ့ရင်မှာ ရှိနေသော်ငြား
အမှန်အတိုင်း ရပ်တည်နေချိန်မှာ ...
(အရှိအတိုင်း ရှိမနေတော့ဘူး)
မှောင်သောတဘက်မှာခိုလှုံရင်း
အလင်းရဲ့တန်ဖိုးကိုခံစားကြည့်တယ်
အမှောင်ဘက်ကို နင် နားလည်မယ်ဆို
ငါသည်လည်းဘဲ (အရှိအတိုင်း ရှိမနေပါဘူး )
အသိကို ခံစား ပြီး ဖြစ်တည်နေမဲ့ ဘဝတစ်ခုရယ်ပါ ။ ။
ခွန်ခမ်းစံ
Subscribe to:
Posts
(
Atom
)