19 November, 2011
လွမ်းသမုဒ်ပြင်
ခံစားမှုကို ၊ ယခုထက်တိုင်
မဆိုနိုင်သေး ... ။ ။
နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်
စောင်းကြိုးညှိရင်း ၊ အတင်းအလျော့
အပျော့အမာ ၊ အသံသာကို
ဖွေရှာမောလျက် ၊ နာရီရက်တို့
သက်သက်ကုန်လွန်လေပြီ ။ ။
ဆိုမည့်တေးလဲ ၊ ရေးပြီးမဟုတ်
အတွေးရှုပ်လျက် ၊ အသိခက်၏
ဆိုရက်ဝေးကာ ၊ ဝေဒနာနှင့်
ရင်မှာပြင်းပြ ၊ ခံစားရသည့်
ဆန္ဒသာလျှင် ရှိခဲ့သည်။ ။
မြနုရွက်ဆင့် ၊ ပန်းမပွင့်သေး
လေနုထွေး၏ ၊ အေးအေးသံသာ
ကြားနေပါရဲ့ ... ။ ။
သက်လျာနုသစ် ၊ အချစ်မျက်နှာ
မမြင်ပါသေး ၊ နုထွေးပါးလျား
နှုတ်ခမ်းဖျားမှာ ၊ စကားချိုမြ
မကြားရပေ ၊ ခြေသံဖွဖွ
ရှေ့လမ်းမမှာ ၊ ကြားရ၇ုံသာ ရှိသေးသည်။ ။
သခင့်အတွက် ၊ ညံ့သက်ကြည်သာ
နေနားပါရန် ၊ နေရာထိုင်ခင်း
ပြင်ဆင်ရင်းနဲ့ ၊ အသင့်ဖြစ်လျက်
မီးခွက်ဆီဖြည့် ၊ မညိုရသေး
မှုန်ရီမှေးမှိန် ၊ ကိုယ်နေအိမ်ထက်
သခင်တက်ရန် ၊ နှုတ်ဆက်မဖိတ်ကြားနိုင်။ ။
တစ်နေ့နေ့လျှင် ၊ သခင်နဲ့တွေ့
မွေ့ရမည်ထင့် ၊ မျှော်လင့်စောင်စား
နေရငြာလည်း ၊ မြသားရွှေဥ
ချစ်သက်စုနှင့် ၊ ခုထိခုတိုင် မဆုံသေး။ ။
ငါ့ရဲ့အတ္တ (သို့) ခံယူချက်
အိမ်မက်အပိုင်းအစများကို
တစ်ချို့တွေက.........လှောင်ြေ
ကြောင်တယ်လို့ပြောတတ်ကြသလို
တစ်ချို့တွေက..........သူ့ရဲ့
ပိုင်ဆိုင်လိုစိတ် ကင်းလိုက်တာတဲ့ ....။
လူတွေဘယ်လိုပဲပြောကြပါစေ......
ငါပြန်ရှင်းဖို့စိတ်ကူးမရှိခဲ့
ငါစွန့်လွှတ်ခဲ့တာတယ်ဆိုတာကလည်း
လူတွေရဲ့ချီးကျူးမှုတွေ...
ဒါမှမဟုတ်....ကဲ့ရဲ့မှုတွေကိုအတွ
ငါမရည်ရွယ်ခဲ့တာ.......။
ငါစိတ်ကူးခဲ့သမျှ........
ငါလုပ်ဆောင်ခဲ့သမျှ...
အရာအားလုံးဟာ..........
နင်ပျော်ရွှင်ရုံ ၊ကျေနပ်ရုံပဲ
ငါမျှော်လင့်ခဲ့တာဆိုတာ...
ငါ့ကိုငါ သိသလို
ငါလိပ်ပြာလည်းငါလုံခဲ့တယ်လေ...
ဒါကိုမှ......နင်က
ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကို
နားယောင်နေခဲ့မယ်ဆိုရင်တော့
နင်မချစ်နိုင်တဲ့....ငါ က
နင်မကြားချင်တဲ့ ငါ့ရဲ့ချစ်စကားတွေနှင့်
နင်ငါ့ကိုမပေးနိုင်တဲ့ နင့်အချစ်ကို
ဆက်ပြီးတောင်းဆိုပေးနေရဦးမှာလာ
တကယ်ဆိုရင်....ငါဟာ
ကိုယ့်ချစ်သူကို...ချစ်တဲ့အကြော
ပြောနေရရုံနဲ့ ...ကျေနပ်တတ်တဲ့
လူတစ်ယောက်မဟုတ်သလို
ကိုယ်ချစ်သူစိတ်ညစ်စေမယ့်
အရာအားလုံးကို ....
ကိုယ်တိုင်ပြုလုပ်တတ်သူ...
မဟုတ်ခဲ့တာကြောင့်
ဒီလိုသာ..ဆက်ပြီး
တောင်းဆိုရမယ်ဆိုရင်တော့
နင်ဟာငါ့အပေါ်မှာ ....
သိပ်ရက်စက်လွန်းရာကျမနေဘူးလားဟာ ။
စွန့်ရက်မှာလား...
အဖော်အဖြစ် ၊ ချစ်သူပင်ပန်း
ကြာလျှင်နွမ်းလိမ့် ၊ ကြမ်းတမ်းကွေ့ကောက်
လျှောက်ရင်းညှိုးရော် ၊ ပျော်မဲ့ခန်း
အဖော်နဲ့ လှမ်းပေမယ့်
မတော်တဲ့လမ်းလို့
စမ်းတဝါးတွေး ၊ နောက်ပြန်ပြေးထွက်

ထီးတည်းထားထွက်
မချန်ရက်ပြန် ၊ သံယောဇဉ်မဲ့
မလိုက်နဲ့တား ၊ စကားဆိုမြွက်
အိပ်မက်မှာတောင် ၊ ယောင်လို့လဲပဲ
မခွဲရဲခဲ့ ၊ စိတ်ကူးနဲ့ဝေး
အတွေး တွေးလျှင် ....
အိပ်ရေးတွေပျက် ၊ အနေခက်ရဲ့
ရွှေမျက်ရည်တောင် စို့ဖူးတယ် ...။ ။
သည်လိုနဲ့နော် ....
မခေါ်ရက်ရက် ၊ နှုတ်မဆက်ဝံ့
မစွန့်ခွာရဲ ၊ ကဗျာပဲရေး
ကဗျာထဲတွေးနဲ့ ...
ကဗျာလေးလိုဖြစ်ကာ ...
ကာလနှစ်တွေကြာလာလည်း ( လဲ )
ဪ ... ထာဝရချစ်နေတာပါပဲကွယ် ... ။ ။
စွန့်ရက်ရဲသည်
သံယောဇဉ်ဇာတ် ၊ သခင်ဖြတ်လှည့်
လျှပ်ပြက်ညမှောင် ၊ ခင့်လရောင်မျှင်
မမြင်သာသော ၊ ရင်နာတောမှ
သောကပင်အုပ် ၊ နွယ်လိမ်ရှုပ်ကြား
ထားရစ်မေ့ချန် ၊ တရံခါဆီ
ဒဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏာရီဟု ၊ သည်တစ်ခုကို

ဪ... သူ့ဘဝနဲ့ သူပျော်ပါစေ ။ ။
ဘာသာစိတ်ကူး ၊ ပန်းငုံဖူးနှင့်
နှစ်ဦးတွေ့သလို ၊ စကားဆိုခဲ့
ပျားချိုနွဲ့ဝတ် ၊ ထုံနံ့ဆွတ်ကြည်
မှီစက်ကပ်ကြည့် ၊ ပန်း၏အတွေ့
သူ့ရင်ငွေ့ဟု ၊ မတွေ့သာရက်
တွေ့လာခက်စဉ် ၊ တစ်သက်မပြေ
တစ်စက်ကြွေသည့် ၊ မျက်ရည်နှင်းစက်
ပန်းပေါ်သက်မှ ၊ ကျွန်မငိုမိ
ကိုယ်တိုင်သိပြီ ၊ ပြောခဲ့သည်များ
လွမ်းစကားတွေ ၊ ပန်းကြားမှာဝေ့
ပြန်အောက်မေ့မလား ....
ပန်းတွေ့လေတိုင်း စိုးပူတယ် ။ ။
သောကခြေရာ ( ၉ )
သူရှိတယ် ကိုယ့်ရင်ထဲ
အမြဲငြိတွယ် ။ ။
အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့
စိတ်အတွေးကို တမင်နှောက်နေတာလား
သခင်ရောက်ပါလို့ တဝဲလည်လည် ။ ။

နွေညမှာ အအိပ်ခိုးပြန်ပေါ့
စိတ်ဆိုးဟန် တမင်လွှဲပေမယ့်
ရင်ထဲက အရိက်ငယ်
ဆိတ်ကွယ်လို့ ပျောက်မသွား ။ ။
အစဉ်ဝေးပြီပဲ
ရင်မအေးအောင် မနှိပ်စက်ပါနဲ့
နွေညကို ကျိန်စာတိုက်သူရဲ့
စိတ်ကြိုက်သလို ခပ်ခွာခွာနေပေါ့
မာယာတွေ အဆင်ခွဲကာ
ရင်ထဲမှာ ခြေရာမချန်နဲ့
ဝေဒနာဒဏ် အရိပ်ခွာချလို့
( အချစ်ရယ် ... ) အိပ်ပါရစေလား ။ ။
သောကခြေရာ ( ၅ )
ကွယ်ရာကပဲ ချစ်တော့မယ် ။ ။
အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ် ။ ။

ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်( ဒီ )နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ်လို့ မဆိုသာတော့ ။ ။
ပါးစပ်က ပြောမှာလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေး ရစ်တဝဲဝဲနဲ့
ချစ်သဲရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့ ။ ။
အချစ်နှင့်သက်ဆိုင်သူများနှင့် ဒဏ်၇ာလဲလှယ်ပွဲ
ဒီအပိုဒ်လေးမှာ ရေးသားထားပါတယ်.......
ဒီနေ့ကျင်းပခဲ့တဲ့ ဒဏ်ရာလဲလှည်ပွဲပာာ ပျော်ရွှင်မှု့တွေမှလွဲပြီး
စည်စည်ကားကားနဲ့ အောင်မြင်စွာပဲပြီးဆုံးသွားပါတယ် ။
ပွဲပြီးတဲ့အချိန်မှာ ကျန်ရစ်ခဲ့သော မျက်ရည်စများကို လှဲကျင်းပြီး ခု
ဒီစာမျက်နှာပေါ်ကို လာရောက်စွန့်ပစ်ခဲ့ပါတယ်။
အားလုံးကိုလဲ တောင်းပန်ပါတယ်......ဒီနေ့ဒဏ်ရာတွေ
တနင့်တပိုးနဲ့လာသွားကျသော ကျွန်တော်သူငယ်ချင်းများ
ကို အပြုံးတွေနဲ့ မကြိုဆိုနိုင်ခဲ့သလို သူတို့တွေကလဲ ပြန်မပြုံးပြ
နိုင်ခဲ့ကြဘူး.....အဲ့လိုအချိန်တွေ တော်တော့ကို ခံရ
ခက်လွန်းလှပါတယ်။ တစ်ချို့ဒဏ်ရာတွေဆို သွေးတစ်စက်စက်နဲ့ အခုထိကိုသွေးစက်တွေထဲမှာ
မပြီးဆုံးနိုင်သေးဘူး.......
နောက်တစ်ချို့တစ်ချို့တွေရဲ့ မျက်ရည်စများကိုလဲ ရင်နာနာနဲ့
ဝင်ရောက်ခံစားပေးမိ ပါသေးတယ်.....
(သူတို့လဲ ငါလိုပါပဲလားလို့ပေါ့) ကမ္ဘာဦးအစကထည်းက ဖြစ်ပေါ်ခဲ့တဲ့
လူသားခြင်းစာနာစိတ်ဆိုတာလည်း
လမ်းဘေးအမှိုက်တောင်းထဲ မှာ ခုထိခုန်မထွက်နိုင်သေးဘူး။
သူကရှားပါးရဲ့သားနဲ့ ဘာလို့တန်ဖိုး မဲ့သွားခဲ့တာလဲ......
အမြစ်ပြတ်ဖို့ ခဲယဉ်းတဲ့ဒဏ်ရာတိုင်း
ဆေးနဲ့ယဉ်ပါးတက်ကြပါတယ်....လောင်မြိုက်ခြင်း အခြေခံနဲ့ပဲ ပွဲတော်လေးကို
တည်ဆောက်သွားခဲ့တာပါ။ အနိဋ္ဌာရုံမြင်ကွင်းတွေကိုတော့ သူတို့ပာာသူတို့
ရှင်းလင်းထားခဲ့ပေမဲ့လဲ ကျရှုံးခန်းတွေကို
ခုထိ မြင်တွေ့နေကျစဲပဲ.......သြော်.....အဲ့တာ သွေးမဲ့ဒဏ်ရာတွေပေါ့........
အဲ့ဒဏ်ရာတွေနဲ့ ရင်နှီးထားတာကြာတော့
အရှုံးတွေဖြစ်လာခဲ့ကြတာလေ....ဒါသူတို့ရဲ့ကျရှုံးခန်းတွေပေါ့........
အဲ့ဒီကျရှုံးခန်း ဆိုတာကလဲ လေနီကြမ်းတွေပေါ်မှာ သူတို့ဘာသာသူတို့
လွင့်တင်လိုက်ကြတဲ့ အလံဖြူတွေကြောင့်လဲ
ဖြစ်ချင်ဖြစ်နေမှာပါ............သေချာတာကတော့......ကြိုးဝိုင်းတွေပေါ်ကရခဲ့တဲ့
အမာရွတ်တွေတော့ မပာုတ်ခဲ့ဘူး....
အနီးကပ် အတိုက်ခံလိုက်ရတဲ့ လက်သဲ
ချွန်ချွန်ရာတွေပါ.......ပာုတ်တယ်......အဲ့ဒီဒဏ်ရာတွေက စကားလုံးတိုင်းတွေ
အများအပြား မှန်ထားတယ်.....ချစ်သူတို့တာ အနည်အနှစ်များတဲ့ ရေဆိုရင်တောင်
သူတို့ရဲ့ လက်သည်းရာလေးတွေ
က စစ်ပြီးသောက်သုံးချင်တဲ့ သူတွေတဲ့........စိတ်တော့
ဘယ်ကောင်းပါမလဲ......ဒါတွေက ခုထက်ထိကို အနားကွတ်ခွင့်
မရသေးတဲ့ မရခဲ့တဲ့ သထ္ထုဘောင်တွေဆိုတာ သူတို့ကို ဘယ်လိုအင်အားတွေနဲ့
ကျွန်တော်ပြောရပါ့မလဲ.........
ဒဏ်ရာတွေကို လဲလှယ်ပွဲမှာ ဦးဆောင်သူမရှိ
နောက်လိုက်တွေမရှိ......အများပြောတဲ့ ရှက်ရွံခြင်းတွေမရှိ ရင်းနှီးစွာ
ဖွင့်ပြောသွားခဲ့ကြတယ်.......... အပြီးမှာ တစ်ယောက်နဲ့တစ်ယောက်
ဒီဒဏ်ရာတွေကို တစ်ယောက် နဲ့ တစ်ယောက်
ဆေးထည့်ပေးခဲ့ကျတယ်........ပျောက်ပလား
ဆိုတော့......မပျောက်ပါဘူး...........ဒါပေမဲ့ နာကျင်သွားခဲ့တာတော့
မျက်နှာတွေမှာ ဖြေထွက်သွားခဲ့တယ်.......ကျွန်တော်လား.......ကျွန်တော်ဒဏ်ရာတွေလဲ.....ဒီအတိုင်းပေါ့......
မုန်းလဲမုန်းခဲ့ ဖူးပါတယ်..မုန်းလို့မရတာ
တစ်ခုကလွဲရင်ပေါ့.....ဘယ်လိုဆေးဆရာပဲဖြစ်ဖြစ်......နာကျင်ရင်း
တန်းလန်းနဲ့ ကုစားကြတာပဲလေ.........အချိန်ကရော
ဘာမို့လို့လဲ......မျက်ရည်နဲ့ကုစားလို့ရမယ် ဆိုရင် ဒီဒဏ်ရာ
တွေ ပျောက်တာကြာလှပြီပေါ့........." အချိန်တွေထဲမှာ
စီမျောရင်း.......စီးမျောရင်းနဲ့ တစ်ချိန်ကျရင် သူတို့ပြော
သလို ဒီအခြေအနေကို အထက်စီးကနေ ကြည့်ပြီး
ပြုံးမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့....ဒါပေမဲ့ ငါရဲ့အချိန်တွေကလည်းပဲ
သူရဲ့ ရေပူစမ်းချောင်းလေးထဲမှာ မျောနေလို့မျောနေမှန်း
သိမှမသိခဲ့တာ......လှည့်ကြည့်လိုက်တိုင်း ခရီးအစကို
ပြန်ပြန်ရောက်သွားသလိုပဲ ....(ငါကခုထိဒီနေရာမှာပဲလေ)
အဲ့လိုအမြဲစိမ်းတောတွေ ရှင်သန်ပေါများနေသမျှ.......ရွက်မရှိတော့တက်နဲ့
လှော်တယ်......တက်မရှိတော့ လက်နဲ့
လှော်တယ်...တက်မရှိတော့ လက်နဲ့လှော်ကျတယ်.....ဒါလဲ ဂုဏ်ပကာသန
မုဆိုးများရဲ့ တိုင်စားမှု့တွေပါ....
တစ်ကယ်တော့ သူတို့တွေလုပ်ကျတာလဲ မပာုတ်ပါဘူး......ဒါပေမဲ့ သူတို့ကြောင့်ဖြစ်ရတာလေ "
တိတ်တဆိတ်ငြိမ်သက်ခြင်းက ရင်ထဲမှာပိုပြီး ကမ္ဘာပျက်သွားစေတယ်.....
အိပ်မရတဲ့ညတွေတိုင်းမှာ အိမ်မက်တွေက တဆစ်ဆစ် နာကျင်ကိုက်ခဲ
နာရီကြည့်မိတော့............
ပာုတ်တယ်.....ငါနာရီလက်တံတွေလို ထွက်ပေါက်ရှာရမယ်...........။ ။
သောကခြေရာ (၆) ... မောင်စိန်ဝင်း(ပုတီးကုန်း)
နင်ပျော်မယ် ဆိုရင်...
ပေးတဲ့သူ အတွက် လွယ်ပေမယ့်
အပေးခံရတဲ့သူ အတွက်တော့
အယူရ ခက်ပါတယ်။ ။
အမုန်း ဆိုတာလည်း
အချစ်မဲ့တဲ့သူ အတွက် လွယ်ပေမယ့်
ချစ်တဲ့သူ အတွက်တော့
ကိုးကွယ်ရ ခက်ပါတယ်။ ။
အလွမ်း ဆိုတာဟာလည်း
မေ့တတ်တဲ့သူ အတွက် လွယ်ပေမယ့်
တမ်းတတတ်တဲ့သူ အတွက်တော့
ဖြေသိမ့်ရ ခက်ပါတယ်။ ။
ဒါပေမယ့်လည်း~ ~ ~
ဥပေက္ခာတွေပဲ ဖြစ်ဖြစ်
အမုန်းတွေ အလွမ်းတွေပဲ ဖြစ်ဖြစ်
နင်သာ ကြည်ဖြူလို့ ပေးမယ်ဆိုရင်
ဇီဝိန် ခြွေမယ့် အဆိပ် တစ်ခုဖြစ်နေပါစေ
ညင်သာတဲ့ ပန်းကလေး အဖြစ်
ရင်ထဲမှာ ထာဝရ သိမ်းဆည်းသွားမှာပါ ~ ~ နင်ပျော်မယ်ဆိုရင်ပေါ့။ ။