လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

19 November, 2011

နင်ပျော်မယ် ဆိုရင်...

       ဥပေက္ခာဆိုတာ

ပေးတဲ့သူ အတွက် လွယ်ပေမယ့်
 
  အပေးခံရတဲ့သူ အတွက်တော့
  
      အယူရ ခက်ပါတယ်။  ။

      အမုန်း ဆိုတာလည်း

အချစ်မဲ့တဲ့သူ အတွက် လွယ်ပေမယ့်

    ချစ်တဲ့သူ အတွက်တော့

   ကိုးကွယ်ရ ခက်ပါတယ်။  ။

   အလွမ်း  ဆိုတာဟာလည်း

မေ့တတ်တဲ့သူ အတွက် လွယ်ပေမယ့်

  တမ်းတတတ်တဲ့သူ အတွက်တော့

     ဖြေသိမ့်ရ ခက်ပါတယ်။  ။

   ဒါပေမယ့်လည်း~ ~ ~

   ဥပေက္ခာတွေပဲ ဖြစ်ဖြစ်

အမုန်းတွေ အလွမ်းတွေပဲ ဖြစ်ဖြစ်

နင်သာ ကြည်ဖြူလို့ ပေးမယ်ဆိုရင်

ဇီဝိန် ခြွေမယ့် အဆိပ် တစ်ခုဖြစ်နေပါစေ

   ညင်သာတဲ့ ပန်းကလေး အဖြစ်

ရင်ထဲမှာ ထာဝရ သိမ်းဆည်းသွားမှာပါ ~ ~ နင်ပျော်မယ်ဆိုရင်ပေါ့။  ။