ကွယ်ရာကပဲ ချစ်တော့မယ် ။ ။
အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ် ။ ။

ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်( ဒီ )နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ်လို့ မဆိုသာတော့ ။ ။
ပါးစပ်က ပြောမှာလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေး ရစ်တဝဲဝဲနဲ့
ချစ်သဲရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့ ။ ။