လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

19 November, 2011

လွမ်းသမုဒ်ပြင်

ရင်မှာဖြစ်သည့် ၊ ချစ်ခြင်းတေးနု
ခံစားမှုကို ၊ ယခုထက်တိုင်
မဆိုနိုင်သေး ... ။  ။

နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်
 စောင်းကြိုးညှိရင်း ၊ အတင်းအလျော့
အပျော့အမာ ၊ အသံသာကို
ဖွေရှာမောလျက် ၊ နာရီရက်တို့
သက်သက်ကုန်လွန်လေပြီ ။   ။

ဆိုမည့်တေးလဲ ၊ ရေးပြီးမဟုတ်
အတွေးရှုပ်လျက် ၊ အသိခက်၏
ဆိုရက်ဝေးကာ ၊ ဝေဒနာနှင့်
ရင်မှာပြင်းပြ ၊ ခံစားရသည့်
ဆန္ဒသာလျှင်  ရှိခဲ့သည်။    ။

မြနုရွက်ဆင့် ၊ ပန်းမပွင့်သေး
လေနုထွေး၏ ၊ အေးအေးသံသာ
ကြားနေပါရဲ့ ... ။      ။

သက်လျာနုသစ် ၊ အချစ်မျက်နှာ
မမြင်ပါသေး ၊ နုထွေးပါးလျား
နှုတ်ခမ်းဖျားမှာ ၊ စကားချိုမြ
မကြားရပေ ၊ ခြေသံဖွဖွ
ရှေ့လမ်းမမှာ ၊ ကြားရ၇ုံသာ ရှိသေးသည်။    ။

သခင့်အတွက် ၊ ညံ့သက်ကြည်သာ
နေနားပါရန် ၊ နေရာထိုင်ခင်း
ပြင်ဆင်ရင်းနဲ့ ၊ အသင့်ဖြစ်လျက်
မီးခွက်ဆီဖြည့်  ၊ မညိုရသေး
မှုန်ရီမှေးမှိန် ၊ ကိုယ်နေအိမ်ထက်
သခင်တက်ရန် ၊ နှုတ်ဆက်မဖိတ်ကြားနိုင်။    ။

တစ်နေ့နေ့လျှင် ၊ သခင်နဲ့တွေ့
မွေ့ရမည်ထင့် ၊ မျှော်လင့်စောင်စား
နေရငြာလည်း ၊ မြသားရွှေဥ
ချစ်သက်စုနှင့် ၊ ခုထိခုတိုင် မဆုံသေး။    ။