လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

19 November, 2011

စွန့်ရက်မှာလား...

လိုက်ခဲ့ခေါ်လျှင်
အဖော်အဖြစ် ၊ ချစ်သူပင်ပန်း
ကြာလျှင်နွမ်းလိမ့် ၊ ကြမ်းတမ်းကွေ့ကောက်
လျှောက်ရင်းညှိုးရော် ၊ ပျော်မဲ့ခန်း
အဖော်နဲ့ လှမ်းပေမယ့်
မတော်တဲ့လမ်းလို့
စမ်းတဝါးတွေး ၊ နောက်ပြန်ပြေးထွက်
စွန့်သွားရက်မည် ၊ စိုးမိသည်ချည်း ...။   ။

ထီးတည်းထားထွက်
မချန်ရက်ပြန် ၊ သံယောဇဉ်မဲ့
မလိုက်နဲ့တား ၊ စကားဆိုမြွက်
အိပ်မက်မှာတောင် ၊ ယောင်လို့လဲပဲ
မခွဲရဲခဲ့ ၊ စိတ်ကူးနဲ့ဝေး
အတွေး  တွေးလျှင် ....
အိပ်ရေးတွေပျက် ၊ အနေခက်ရဲ့
ရွှေမျက်ရည်တောင်  စို့ဖူးတယ် ...။   ။

သည်လိုနဲ့နော် ....
မခေါ်ရက်ရက် ၊ နှုတ်မဆက်ဝံ့
မစွန့်ခွာရဲ ၊ ကဗျာပဲရေး
ကဗျာထဲတွေးနဲ့ ...
ကဗျာလေးလိုဖြစ်ကာ ...
ကာလနှစ်တွေကြာလာလည်း ( လဲ )
ဪ ... ထာဝရချစ်နေတာပါပဲကွယ် ... ။    ။