မင်းကို ချစ်ပါတယ်
ဒါပေမယ့်လည်းကွယ်
ထိရှလွယ်တဲ့နှလုံးသားကို ဒဏ်ရာထင်မှာစိုးတယ် ...။ ။
မင်းကို လွမ်းချင်တယ်
ဒါပေမယ့်လည်းကွယ်
တမ်းတတတ်တဲ့နှလုံးသားကို မညှင်းဆဲချင်တော့ဘူး ...။ ။
မင်းကို မေ့ချင်တယ်
ဒါပေမယ့်လည်းကွယ်
စွဲငြိတတ်တဲ့နှလုံးသားကို မလွန်ဆန်နိုင်ဘူး ...။ ။
မင်းကို မုန်းချင်တယ်
ဒါပေမယ့်လည်းကွယ်
ချစ်တတ်လွန်းတဲ့ နှလုံးသားက ခွင့်မပြုပါဘူးတဲ့ ...
သြော် ... နှလုံးသားရယ်
နုနယ်ရက်နဲ့ ဘာကြောင့်ခေါင်းမာရပါသလည်းကွယ် ...။ ။
ကိုသူ(၂၀.၁၁.၀၈)