လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 February, 2012

အလွမ်းဒဏ်

ခရမ်းလွန်ရောင်ခြည်ထက်  စွမ်းအားပြင်းလွန်း
ကိုယ့်အရေပြားကို ဖောက်ထွင်း
နှလုံးသားထဲထိ ချဉ်းနင်း ဝင်ရောက်
သင့်ပုံသဏ္ဍာန်တွေက တစ်စိမ့်စိမ့်နှင့်
ဟောဒီရင်ဘတ်ထဲ ကို နေရာယူတယ် ...။  ။

စွဲလန်းမှုတွေနှင့် အိပ်မက်တဲ့ အခါ
မင်းရဲ့ရင်ခွင် တစ်ခုဟာ
ကိုယ့်အတွက် ဖြစ်လိုဖြစ်
အခုလက်တွေ့ ဖြစ်ရပ်မှာတော့
သင် နှင့် ကို
ညီမျှခြင်းဖြစ်တာ ဘာတစ်ခုမှ မရှိဘူး ...။ 

ခံစားချက်တွေ ကွဲလွဲခွင့် ရှိပေမယ့်လည်း
ကိုယ်တို့ နှစ်ယောက်ရဲ့
စိတ်ခံစားမှု ကတော့
လွဲပဲလွဲ နိုင်လွန်းကြရဲ့ကွာ
ဘယ်လိုဘာသာ ဗေဒမျိုးနှင့်
နှလုံးသားခြင်း နားလည်မှု ဖလှယ်ကြမလဲ ...။

ကိုယ်က မင်းထက်
သက္ကရာဇ်တွေ စောပြီး မွေးဖွားခဲ့လို့ပဲ
ခံစားမှုတွေ လွဲမှားကြလေသလား
အိပ်မက်တွေကြား ကိုယ့်မှာသာ
အယောင်ယောင် အမှားမှားနှင့် ...။

ဘာတွေပဲ ဖြစ်ဖြစ် ဘာမှမသိပဲ
မျက်လုံးကို စုံမှိတ်ပြီး ချစ်ခဲ့မိတာဟာ
အပြစ်တစ်ခုလို့ သတ်မှတ်မယ်ဆို
အဲဒီအပြစ်ကို ကျူးလွန်မိခဲ့တဲ့ အတွက်
အလွမ်းဒဏ် ကျခံဖို့ ကို အဆင်သင့်ပါ ...။