တစ်ဘဝလုံး အတွက်
မျှော်လင့်ချက် ထားခဲ့သူကိုမှ
ရက်စက်လိုက်တာလား ချစ်သူ ...။ ။
နင့်ရဲ့အပြာရောင်တွေလို
ပူလောင်ခြင်းနှင့်သာ မျှော်လင့်မိခဲ့သူ
ငါဟာ ...
အတောင်မဲ့ ငှက်တစ်ကောင်ပါ ...။ ။
ဥပေက္ခာတရားနှင့် လက်တွဲသွားခဲ့တဲ့ နင့်ကို
ရက်စက်တယ်လို့ မပြောရက်ခဲ့ပါဘူး ...
အရင်တုန်းကတော့
ငါ့ကောင်းကင်ဟာ မင်းကြောင့်ကြည်လင်ခဲ့ဖူး ...။ ။
အခု...
ခပ်စိမ်းစိမ်း ပင်လယ်ငိုသံတွေ
ပြီးတော့ ကောင်းကင်ကွဲသံတွေ
ငါ့မတွက်လို့ ရည်စူးပြီး
နင်ထားခဲ့ရက်တယ်ပေါ့ ...။ ။
ရပါတယ် ချစ်သူ ...
နင်လိုအပ်တဲ့ အချိန်တိုင်းမှာ
ငါအသင့် ရှိနေဦး မှာပါ ...
ငါလေ ...
နင့်ကို ချစ်တဲ့
အချစ်စိတ် တစ်ခုတည်းနှင့်
ပစ္စုပ္ပန်မှာ အသက်ဆက်ရှင်ချင်သေးတယ် ...။ ။
ထာဝရ (ကသာ)