လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

11 February, 2012

ပိတောက် သက်သေ

တစ်ယောက် ဆို တစ်ယောက်

ပိတောက် ဆို ပိတောက်

စကားပုံလို...


တစ်နှစ်မှာ တစ်လ

တစ်လမှာ တစ်ခါသာပွင့်တဲ့

ရွှေဝါရောင် ပိတောက်!


တစ်သက်မှာ တစ်ခါ

တစ်ခါမှာ တစ်ယောက်သာချစ်တဲ့

ဖြူစင်တဲ့ အချစ်!


ဒီလို အချစ်ကိုများ

မင်းလေးက မယုံဝံ့ဘူးဆိုရင်

ရွှေဝါရောင် ပိတောက်တွေက

သက်သေခံပါ လိမ့်မယ်....