တကယ်လို့ လမ်းခွဲခြင်း၊ ကွဲကွာခြင်းက
အလှတစ်မျိုးဆိုရင်အချစ်ကမ္ဘာမှာ
ဝမ်းနည်းကြေကွဲခြင်းဆိုတာ ရှိလိမ့်မယ်မဟုတ်ဘူး ...။ ။
တကယ်လို့ စိတ်စိတ်ချင်း အပေးအယူမျှဖို့က
မောပန်းခြင်းတစ်မျိုးဆိုရင်အချစ်က ကမ္ဘာမှာ
နောင်တတွေနဲ့ပဲ ပြည့်နေတော့မယ် ... ။ ။
တကယ်လို့ နစ်နစ်ကာကာချစ်တာက
ဝဋ်ကြွေးတစ်မျိုးဆိုရင်အချစ်ကမ္ဘာမှာ
ဟန်ဆောင် အလိမ်ညာတွေနဲ့ပဲ ပြည့်နေတော့မယ် ... ။ ။
အရင်တုန်းကတော့ အချစ်ရဲ့တခဏကို
ထာဝရဖြစ်စေချင်ကြတယ်
အခုတော့ နာကျင်ခြင်းရဲ့ထာဝရကို တခဏဖြစ်စေချင်ကြတယ် ...။ ။
နိုင်းနိုင်းစနေ