ခွဲရက်ခွာစွန့် ၊ ဝေးသွားလေမှ
အပူစတွေ ၊ သူမျှဝေလို့
ခြွေနှင်းစက် ၊ ကြွေဆင်းသက်အောင်
အပူစတွေ ၊ သူမျှဝေလို့
ခြွေနှင်းစက် ၊ ကြွေဆင်းသက်အောင်
မျက်တောင်ဖျားဆွတ် ၊ သီးဝေ့ ညွှတ်ခို
စိုရင်းစီးနေ
ဪ .... ငိုခြင်းလည်း မရှည်တော့ပါဘူးကွယ် .... ။
သူခင်းတဲ့ လမ်း ၊ သူနင်းမည့်လမ်းငြမ်း
ချမ်းမြေ့ဝမ်းမြောက် ၊ လှမ်းလျှောက်ပါစေ
သူငဲ့နေလျှင် ၊ ဖြေပြေရာခက်
ဒေနာသက်ရင့် ၊ လက်ဆင့်ကမ်းသလို
ငို .... ငို .... ငိုမှာစိုး
ဪ .... ကိုယ် ... ကိုယ်သာ အဆိုးဖြစ်စေတော့ ... ။
ရင်နာစရာလဲ ၊ မင်္ဂလာပါပဲကွယ်လို့
ရယ်ရင်းနှုတ်ဆက် ၊ မေ့နိုင်ရက်စေ
မေ့ပါစေကွယ် ၊ လွယ်လွယ်ခံစား
ချန်ထားပါစေ ၊ ကံတရားလို့သာ ဖြေလျက်နဲ့ .... ။
မခြွေရက်တဲ့ပန်း၊ အကြွေခက်တဲ့ပန်း
အမြဲလန်းနေ ၊ အလွမ်းတစ်ခု
ရင်ထဲနုမျစ် ၊ ဖြစ်ပြီးမပျက်
သစ်ပြီးသထက်သစ် ၊ နှစ်ရှည်လကြာ
ကာလတာရှည်မျော
ပြောမပြသာပြီ
ဪ .... အချစ်ရယ် ရင်ထဲမှာတော့ သောကရာသီ .... ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
စိုရင်းစီးနေ
ဪ .... ငိုခြင်းလည်း မရှည်တော့ပါဘူးကွယ် .... ။
သူခင်းတဲ့ လမ်း ၊ သူနင်းမည့်လမ်းငြမ်း
ချမ်းမြေ့ဝမ်းမြောက် ၊ လှမ်းလျှောက်ပါစေ
သူငဲ့နေလျှင် ၊ ဖြေပြေရာခက်
ဒေနာသက်ရင့် ၊ လက်ဆင့်ကမ်းသလို
ငို .... ငို .... ငိုမှာစိုး
ဪ .... ကိုယ် ... ကိုယ်သာ အဆိုးဖြစ်စေတော့ ... ။
ရင်နာစရာလဲ ၊ မင်္ဂလာပါပဲကွယ်လို့
ရယ်ရင်းနှုတ်ဆက် ၊ မေ့နိုင်ရက်စေ
မေ့ပါစေကွယ် ၊ လွယ်လွယ်ခံစား
ချန်ထားပါစေ ၊ ကံတရားလို့သာ ဖြေလျက်နဲ့ .... ။
မခြွေရက်တဲ့ပန်း၊ အကြွေခက်တဲ့ပန်း
အမြဲလန်းနေ ၊ အလွမ်းတစ်ခု
ရင်ထဲနုမျစ် ၊ ဖြစ်ပြီးမပျက်
သစ်ပြီးသထက်သစ် ၊ နှစ်ရှည်လကြာ
ကာလတာရှည်မျော
ပြောမပြသာပြီ
ဪ .... အချစ်ရယ် ရင်ထဲမှာတော့ သောကရာသီ .... ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)