စွန့်ရက်ရဲသည် ...
မပတ်သက်ခင် ၊ တပ်မက်ချင်သော
သံယောဇဉ်ဇာတ် ၊ သခင်ဖြတ်လှည့်
လျှပ်ပြက်ညမှောင် ၊ ခင့်လရောင်မျှင်
မမြင်သာသော ၊ ရင်နာတောမှ
သောကပင်အုပ် ၊ နွယ်လိမ်ရှုပ်ကြား
ထားရစ်မေ့ချန် ၊ တရံခါဆီ
ဒဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏာရီဟု ၊ သည်တစ်ခုကို
သမုဒယဖွဲ့မပူ
ဪ... သူ့ဘဝနဲ့ သူပျော်ပါစေ ။ ။
ဘာသာစိတ်ကူး ၊ ပန်းငုံဖူးနှင့်
နှစ်ဦးတွေ့သလို ၊ စကားဆိုခဲ့
ပျားချိုနွဲ့ဝတ် ၊ ထုံနံ့ဆွတ်ကြည်
မှီစက်ကပ်ကြည့် ၊ ပန်း၏အတွေ့
သူ့ရင်ငွေ့ဟု ၊ မတွေ့သာရက်
တွေ့လာခက်စဉ် ၊ တစ်သက်မပြေ
တစ်စက်ကြွေသည့် ၊ မျက်ရည်နှင်းစက်
ပန်းပေါ်သက်မှ ၊ ကျွန်မငိုမိ
ကိုယ်တိုင်သိပြီ ၊ ပြောခဲ့သည်များ
လွမ်းစကားတွေ ၊ ပန်းကြားမှာဝေ့
ပြန်အောက်မေ့မလား ....
ပန်းတွေ့လေတိုင်း စိုးပူတယ် ။ ။
မောင်စိန်ဝင်း ( ပုတီးကုန်း )