ရင်မှာဖြစ်သည့် ၊ ချစ်ခြင်းတေးနု
ခံစားမှုကို ၊ ယခုထက်တိုင်
မဆိုနိုင်သေး ... ။ ။
နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်
စောင်းကြိုးညှိရင်း ၊ အတင်းအလျော့
အပျော့အမာ ၊ အသံသာကို
ဖွေရှာမောလျက် ၊ နာရီရက်တို့
သက်သက်ကုန်လွန်လေပြီ ။ ။
ဆိုမည့်တေးလဲ ၊ ရေးပြီးမဟုတ်
အတွေးရှုပ်လျက် ၊ အသိခက်၏
ဆိုရက်ဝေးကာ ၊ ဝေဒနာနှင့်
ရင်မှာပြင်းပြ ၊ ခံစားရသည့်
ဆန္ဒသာလျှင် ရှိခဲ့သည်။ ။
မြနုရွက်ဆင့် ၊ ပန်းမပွင့်သေး
လေနုထွေး၏ ၊ အေးအေးသံသာ
ကြားနေပါရဲ့ ... ။ ။
သက်လျာနုသစ် ၊ အချစ်မျက်နှာ
မမြင်ပါသေး ၊ နုထွေးပါးလျား
နှုတ်ခမ်းဖျားမှာ ၊ စကားချိုမြ
မကြားရပေ ၊ ခြေသံဖွဖွ
ရှေ့လမ်းမမှာ ၊ ကြားရ၇ုံသာ ရှိသေးသည်။ ။
သခင့်အတွက် ၊ ညံ့သက်ကြည်သာ
နေနားပါရန် ၊ နေရာထိုင်ခင်း
ပြင်ဆင်ရင်းနဲ့ ၊ အသင့်ဖြစ်လျက်
မီးခွက်ဆီဖြည့် ၊ မညိုရသေး
မှုန်ရီမှေးမှိန် ၊ ကိုယ်နေအိမ်ထက်
သခင်တက်ရန် ၊ နှုတ်ဆက်မဖိတ်ကြားနိုင်။ ။
တစ်နေ့နေ့လျှင် ၊ သခင်နဲ့တွေ့
မွေ့ရမည်ထင့် ၊ မျှော်လင့်စောင်စား
နေရငြာလည်း ၊ မြသားရွှေဥ
ချစ်သက်စုနှင့် ၊ ခုထိခုတိုင် မဆုံသေး။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
မဆိုနိုင်သေး ... ။ ။
နုနုပျောင်းပျောင်း ၊ သွယ်လက်ချောင်းဖြင့်
စောင်းကြိုးညှိရင်း ၊ အတင်းအလျော့
အပျော့အမာ ၊ အသံသာကို
ဖွေရှာမောလျက် ၊ နာရီရက်တို့
သက်သက်ကုန်လွန်လေပြီ ။ ။
ဆိုမည့်တေးလဲ ၊ ရေးပြီးမဟုတ်
အတွေးရှုပ်လျက် ၊ အသိခက်၏
ဆိုရက်ဝေးကာ ၊ ဝေဒနာနှင့်
ရင်မှာပြင်းပြ ၊ ခံစားရသည့်
ဆန္ဒသာလျှင် ရှိခဲ့သည်။ ။
မြနုရွက်ဆင့် ၊ ပန်းမပွင့်သေး
လေနုထွေး၏ ၊ အေးအေးသံသာ
ကြားနေပါရဲ့ ... ။ ။
သက်လျာနုသစ် ၊ အချစ်မျက်နှာ
မမြင်ပါသေး ၊ နုထွေးပါးလျား
နှုတ်ခမ်းဖျားမှာ ၊ စကားချိုမြ
မကြားရပေ ၊ ခြေသံဖွဖွ
ရှေ့လမ်းမမှာ ၊ ကြားရ၇ုံသာ ရှိသေးသည်။ ။
သခင့်အတွက် ၊ ညံ့သက်ကြည်သာ
နေနားပါရန် ၊ နေရာထိုင်ခင်း
ပြင်ဆင်ရင်းနဲ့ ၊ အသင့်ဖြစ်လျက်
မီးခွက်ဆီဖြည့် ၊ မညိုရသေး
မှုန်ရီမှေးမှိန် ၊ ကိုယ်နေအိမ်ထက်
သခင်တက်ရန် ၊ နှုတ်ဆက်မဖိတ်ကြားနိုင်။ ။
တစ်နေ့နေ့လျှင် ၊ သခင်နဲ့တွေ့
မွေ့ရမည်ထင့် ၊ မျှော်လင့်စောင်စား
နေရငြာလည်း ၊ မြသားရွှေဥ
ချစ်သက်စုနှင့် ၊ ခုထိခုတိုင် မဆုံသေး။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)