မေ့တတ်အောင်လို့
မျက်တောင်ချင်းယှက် ၊ အိပ်စက်မရဲ
အိပ်မက်ထဲထိ ၊ နှိပ်စက်ရှိသူ
အပူတစ်စ ၊ ဘယ်သူမျှသလဲ
မျက်တောင်ချင်းယှက် ၊ အိပ်စက်မရဲ
အိပ်မက်ထဲထိ ၊ နှိပ်စက်ရှိသူ
အပူတစ်စ ၊ ဘယ်သူမျှသလဲ
သူမှသူကွယ် ၊ အပူသယ်(သည်) အဖြစ်
စွဲလမ်းရစ်ချည် ၊ စူးနစ်ကျွမ်းမြည့်
အလွမ်းနေ့ဆက် ၊ အမေ့ခက်ပြန် ….. ။ ။
နေ့ရက်နာရီ
ရာသီကာလ ၊ ထာဝရမတည်
ကြာလှပြီဖြစ် ၊ ချစ်ခြင်းဝေဒနာ
ဖြေသာပြေ၍ ၊ မေ့ပါရစေ ….
တစ္ဆေလိုပူး ၊ စိတ်ကူးမှာကပ်
ပတ်ရစ်နှောင်ငင် ၊ သံယောဇဉ်ဝဋ်
လျှော့ပြေချွတ်၍ ၊ လွတ်မြောက်ခွင့်အား
ပေးသနားပါ …. ။ ။
ဝါရွက်တွန့်ကွေး
ပြေးလျောရှပ်တိုက် ၊ ဝိုက်ဝေ့လွင့်ပါ
ရာသီဆောင်းလွန် ၊ နွေဦးကျွံစ
နှင်းမှုန်ကျပဲ ၊ တစ်နေ့တည်းမှာ
ရာသီနှစ်ခု .……
ဪ … လူ့လို …. သူ့လို
မငိုမိပဲ ၊ မျက်ရည်ဝဲကာ
ရင်ထဲစူးကျင် ၊ နာလိုက်ချင်ရဲ့
မေ့ချင်ရဲ့ကွယ် ၊ တကယ်ဆိုက
သမုဒယမြုံး ….
အနက်ဆုံးမို့ ၊ သက်လုံးနှောင်မိ
သတိတရများစွာ …
ဪ ….
အထိအရှများစွာနဲ့ပဲ ……….. ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
စွဲလမ်းရစ်ချည် ၊ စူးနစ်ကျွမ်းမြည့်
အလွမ်းနေ့ဆက် ၊ အမေ့ခက်ပြန် ….. ။ ။
နေ့ရက်နာရီ
ရာသီကာလ ၊ ထာဝရမတည်
ကြာလှပြီဖြစ် ၊ ချစ်ခြင်းဝေဒနာ
ဖြေသာပြေ၍ ၊ မေ့ပါရစေ ….
တစ္ဆေလိုပူး ၊ စိတ်ကူးမှာကပ်
ပတ်ရစ်နှောင်ငင် ၊ သံယောဇဉ်ဝဋ်
လျှော့ပြေချွတ်၍ ၊ လွတ်မြောက်ခွင့်အား
ပေးသနားပါ …. ။ ။
ဝါရွက်တွန့်ကွေး
ပြေးလျောရှပ်တိုက် ၊ ဝိုက်ဝေ့လွင့်ပါ
ရာသီဆောင်းလွန် ၊ နွေဦးကျွံစ
နှင်းမှုန်ကျပဲ ၊ တစ်နေ့တည်းမှာ
ရာသီနှစ်ခု .……
ဪ … လူ့လို …. သူ့လို
မငိုမိပဲ ၊ မျက်ရည်ဝဲကာ
ရင်ထဲစူးကျင် ၊ နာလိုက်ချင်ရဲ့
မေ့ချင်ရဲ့ကွယ် ၊ တကယ်ဆိုက
သမုဒယမြုံး ….
အနက်ဆုံးမို့ ၊ သက်လုံးနှောင်မိ
သတိတရများစွာ …
ဪ ….
အထိအရှများစွာနဲ့ပဲ ……….. ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)