လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 October, 2012

ထာဝရကဗျာ


  1. လိုက်မလားလို့ ...
    စကားနဲ့သော် ၊ အခေါ်ခက်ခက်
    မခေါ်ရက်ရဲ ၊ ခေါ်ခက်ခဲသည့်
    ပျော်ရက်လည်း ကာလမရှည်
    အဖော်တစ်သက်လည်း ထာဝရမတည်နိုင်သော
    ရှည်မျောလွမ်းဇာတ် ၊ တစ်ခန်းရပ်လည်း (လည်း)
    လွမ်းတတ်ဆဲကွယ် .... ။ ။



    တွယ်တာပြီးကာမှ ၊ မေ့လို့ရမလား
    မာနကိုတောင် ၊ သူပျော်အောင် အပ်
    အမြတ်နိုးဆုံး ၊ နားလည်ဆုံးဟု
    နှလုံးသားက ၊ စကားစ တွေ
    သူသိစေရော့ ၊ မပြောတော့ချင်
    သံယောဇဉ်တို့ ၊ အမျှင်မတန်း
    မပင်ပန်းပဲ ၊ ရွှင်လန်းချမ်းမြေ့
    သူမေ့နိုင်ပါစေ ...
    ဪ ....
    အပူငွေ့ရယ် ပျယ်ပါစေ ....။ ။

    ဝေဒနာအရိပ်
    ခြေရာအတိတ်လို ၊ မထင်ရစ်အောင်
    ဟန်ဆောင်လူလုပ် ၊ မပူရုပ်ကို
    သူနှုတ်ဆက်လဲ (လည်း)
    ကျန်ခဲ့ရဲတယ် ...
    သခင်ခွဲမယ့် ကာလမှာ
    ဪ .....
    ရင်ထဲမှာတော့ ထာဝရကဗျာ ... ။ ။


    မောင်စိန်ဝင်း(ပုတီးကုန်း)