လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 October, 2012

သောကခြေရာ (၁၂)


မပြုံးသာ မရယ်သာ
ရင်မှာသိုသိပ်မော
သောက၏ ခြေရာတို့သည် လည်းကောင်း ... ။

မရုန်းသာ မဖယ်သာ
အကြင်နာ ယိုဖိတ်သော
မောလျသည့် ဝေဒနာတို့သည် လည်းကောင်း ... ။



ချစ်၏ ကြင်၏ ၊ သူမသိလေ
ဝေဒနာကို ဘာသာသိုဝှက်
တစ်ရက် တစ်နေ့ ၊ ရွေ့ရွေ့ကုန်ပြန်
မနက်ဖြန်ပေါ့ ၊ ပြောတော့ပြောမည်
ရည်ရွယ်ခဲ့လျက် ၊ နှုတ်ကခက်တော့
အိပ်မက်တွေပဲ ၊ ကျန်တယ်လေ .... ။

တစ်ခါတစ်ခါ ၊ လာလေခေါ်ယူ
အတူလျှောက်စို့ ၊ ဟို့အနားမှာ
ကဗျာပင်အောက် ၊ ကွန်းတစ်ထောက်ခို
ပန်းကောက်မယ်နော် ၊ ပျော်တယ်မို့လား
ရင်ကြားမှာလေ ၊ ပန်းတွေပွေ့ပိုက်
ပျော်ရွှင်မွေ့လို့ ၊ တစ်နေကုန်မှ ပြန်ရအောင် ... ။

ပန်းခင်းမွေ့ရာ ၊ ကဗျာနှင်းဆီ
သည်ပန်းတွေကြား ၊ နှစ်ကိုယ်ကြားယုံ
ကြိုးစားပြောမယ်၊ တကယ်တော့လေ
ပျော်ပါစေလား ၊ ကိုယ့်စကားကြောင့်
ပန်းများကိုခွာ ၊ သူစိတ်နာလို့
ခမျာ ပန်းမုန်းလေမလား .... ။

ပန်းတွေမုန်းရင် ၊ လုံးလုံးကိုယ့်ကြောင့်
စိုးနှောင့်ဗျာဆူ ၊ ကိုယ့်အပူနဲ့ကို
သူမသိစေ နေတော့နေတော့
စိတ်ကိုလျှော့မယ် ၊ တွယ်တာသမျှ
သည်ဘဝတော့ ၊ လနဲ့မြေလွှာ
ကွာကြီးကွာစမ်း ၊ ကိုယ်ပဲလွမ်းမယ်
ပန်းမုန်းလူမုန်း ၊ အဖြစ်ရှုံးရင်
နှလုံးကွဲပြီး သေမှာပဲ ...... ။

အချစ်ရယ် ....
တွယ်တာတတ်လို့ ၊ အပြစ်ရှိရင်
ကိုယ့်အဆိုးပဲ ရှိပါစေတော့ .... ။

မရုန်းသာ မဖယ်သာ
အကြင်နာ ယိုဖိတ်ခိုက်ပါတည့် ....
မပြုံးသာ မရယ်သာ
ရင်မှာ သိုသိပ်လိုက်ပါ၏ ....... ။ ။


မောင်စိန်ဝင်း(ပုတီးကုန်း)