လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

08 October, 2012

ထာဝရလေးများ


မေ့တတ်ပါလျှင်
ဘာဖြစ်မှာလဲ ၊ ခွဲရန်ရှိသော
ဘဝမောမှာ ၊ လွင့်မျောတတ်စွာ
ယာယီတိမ်လို
အို ……. ခဏလေး
ဆေးသားပျက်ပြယ်သွားလိမ့်မယ် … ။ ။

တွေ့ဆုံခြင်းများ
အလျားတစ်ဆုံး ၊ ခြယ်သီမှုန်းနေ
ဝေဒနာရောင်စဉ် ၊ သံယောဇဉ်များ
ခြေရာများကို ၊ ဆင့်ပွားဝေ၏
သိမ်းဆည်းမိ၍ ….
မေ့တတ်နိုင်ခြင်း ၊ အလျှင်းမရှိခဲ့ပါ … ။ ။



အရာရာသည်
ဝေးလာသည်မှ
သေးလာသည်မှ
တစ်စတစ်ခု ၊ ဒြပ်ထုမရှိ
နတ္တိဗလာ ၊ ချုပ်ငြိမ်းပါတတ်
အနတ္တတရားနှယ် ……
တကယ်ဆိုမူ
မြူတစ်မှုန်ဖြစ်သော
အချစ်ဆိုလည်းအကောင်းသား … ။ ။

အခုတော့ကွယ် ….
ဘယ်နေ့မှာလဲ ၊ ခွဲရက်စောင့်ရင်း
ရင်တွင်းပြည့်သိပ် ၊ သောကဖိတ်စင်
အိမ်မက်ဆန္ဒ ၊
ကဗျာစ,တို့ ...
ထာဝရတစ်ခုဖြစ်ရမှာလား … ။ ။