လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 September, 2012

အသိပေးစာစုများ ( ၃ )

၁။ စေတနာသည် လူတိုင်းနဲ့မတန်သည်မဟုတ် လူတိုင်းနဲ့တန်တဲ့ စေတနာမျိုးထားနိုင်ဖို့တာ လိုအပ်ပါတယ်။
၂။ ကိုယ်ကကြိုက်လို့ ကောင်းတာထက် ကောင်းတာမို့လို့ ကြိုက်တယ်ဆိုရင် အကောင်းဆုံးကိုရနိုင်တာပေါ့။

၃။ သြော် မကောင်းလိုက်တာက လောက၊ အမြဲတမ်းကောင်းနေတာက အသိဥာဏ်။
၎။ လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မူရယ် ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။
၅။ အမြဲတမ်းသူ့ကိစ္စနဲ့သူ ရှုပ်နေတာပါလို့ နားလည်ရင် ကိုယ်အရှုပ်ထပ်မပေးလိုက်ပါနဲ့။
၆။ ငါအတော်ဆုံးလို့ ထင်နေရင် အဖျင်းဆုံး အဆင့်ကို ရောက်သွားပြီ။
၇။ ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး လုပ်ငန်းမစရသေးတာဘဲရှိတယ်။
၈။ အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့အရာရောက်မူကို မြှင့်တင်ပေးရမယ်။
၉။ ဖြစ်လည်း ဖြစ်ချင်တယ် ဖြစ်လည်းဖြစ်သင့်တယ် ဆိုရင်တောင်မှ ဖြစ်နိုင်တာကိုရွေးပြီးလုပ်ပါ။
၁၀။ အမြင့်ရောက်မှ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်။
၁၁။ ကိုယ့်စကားကိုသူနားထောင်စေချင်ရင် သူ့စကားကိုအရင် သေသေချာချာနားထောင်ပေးလိုက်ပါဦး။