လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 September, 2012

အသိပေးစာစုများ ( ၁ )

၁။ ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူကို ဘူရဲဘောကြောင်တယ်၊ ရက်ရောသူကို လက်ဖွာတယ်၊စည်းကမ်းနဲ့ပေးသူကို ကပ်စေးနည်းတယ်၊ဦးဆောင်နိုင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

၂။ လုံ့လရှိသူကလက်ရုံးအားကိုး ကြင်နာတတ်သူက နှလုံးသားနဲ့စဉ်းစာ စည်းကမ်းရှိသူက ကိုယ်ကျင့်တရားလက်ကိုင်ထား အသိဥာဏ်ရှိသူ ဦးနှောက်နဲ့ဆုံးဖြတ် မြင့်မြတ်သူက အမှန်တရားပေါ်ရပ်တည်။
၃။ တစ်ခါမှားမိရင်ဘဲ ပေးဆပ်ရတဲ့အကြွေးက တိုး ရင်း ပေါင်း များလှပါတယ် ပေးဆပ်လို့ မရနိုင်တဲ့အမှားမျိုးတော့ အဆိုးဆုံးဘဲ။
၎။ စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့လဲလိုက်ပါ ရှုပ်နေရင် ရှင်းတဲ့စိတ် ပူနေရင် အေးတဲ့စိတ် နောက်နေရင် ကြည်တဲ့စိတ်နဲ့ချက်ချင်းလဲလိုက်ပါ။
၅။ ယုံကြည်မှုသက်သက်နဲ့မျက်စိမှိတ်ပြီး အားကိုးရှာ တတ်သလိုအသိဥာဏ်နဲ့တစ်ဖက်သတ်ချိန်ထိုးပြီးလည်း ရှာတတ်ကြတယ် ယုံကြည်မှုနဲ့
အသိဥာဏ်ညီမျှမှ အားကိုးရာအစစ်တွေ့မယ်။
၆။ တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရုံးမဟုတ်ရင် အမြတ်ရေသေးတယ် စိတ်ချမ်းသာမှုကို ရောင်းစာရင် အရုံးနဲ့ဘဲရင်ဆိုင်ရမယ် စိတ်ချမ်းသာမှုကို ဘာနဲ့မျှရောင်းမစားပါနဲ့။
၇။ ဂရုမစိုက်တဲ့လူကိုမမူတဲ့ လူမူရေး ဂရုစိုက်ပြီး လူကိုမူတဲ့ လူမူရေး ဂရုစိုက်ပြီးလူကို မမူတဲ့ လူမူရေးလို့ သုံးမျိုးရှိတယ်။
၈။ အလုပ်လုပ်သူက အပြောမသန်၊ အပြောသန်သူက အလုပ်မလုပ်၊ ပြောသလောက်လုပ်ပြီး လုပ်သလောက်ပြော၊ အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးဘဲ။
၉။ ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရုံးလိုက်ရပြီ၊ ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။
၁၀။ ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ ဘာမျှမယ်မယ်ရရ မရှိခဲ့ပါဘူး အသိဥာဏ်တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့။
၁၁။ မြင်တဲ့အတိုင်းအမှန်ဖြစ်မှ အမှန်အတိုင်း မြင်တယ်ခေါ်တယ်၊ မြင်တဲ့အတိုင်းမှန်၊မမှန် ကြားတဲ့အတိုင်း မှန်၊မမှန် ဆန်းစစ်ရမယ်။
၁၂။ အစစ် မဟုတ်သေးရင် အတု လိုက်ရင်းနဲ့တူပြီး အစစ်ဖြစ်သွားတယ် ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်တယ် ဒီလိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
၁၃။ ဆရာသမား လား ? သူငယ်ချင်း လား ? အချော့ခံ လား ? ကိုယ့်စိတ်ကို ကိုယ်ကြည့် ဆရာ ဖြစ်အောင်ကြိုးစားအနည်းဆုံး သူငယ်ချင်းတော့ ဖြစ်နေရမယ်။