လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 September, 2012

အသိပေးစာစုများ ( ၂ )

၁။ ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေမယ့် အများနဲ့တော့ အဆင်ပြေဖို့အလွယ်ပါဘူး။
၂။ ဘေး ကိုကြည့်လွန်းအားကြီးရင် ဘေး တွေ့တတ်တယ်။
၃။ ကလေးမှားရင် တစ်ပြား၊ လူကြီးမှားရင် တစ်ဆယ်၊ ဘယ်အမှားမှ မကောင်းဘူး၊ တစ်ဆယ်ကပိုဆိုးတယ်။

၎။ အမှန်တရားကနဂိုရှိပြီးသားပါ ဖန်တီးလို့မရပါဘူး ဖန်တီးထားတဲ့ အမှန်တရားဆိုတာလည်း ဘယ်တော့မှ မတည်မြဲသလို မှန်လည်း မမှန်နိုင်ပါဘူး။
၅။ လုပ်သင့်တာကို မလုပ်မိရင် အလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
၆။ ကောင်းတာကိုနားလည်သလောက် လုပ်စမ်းပါ၊အလုပ်လုပ်ရင် နားလည်လာလိမ့်မယ် သိသလောက်ကျင့် ကျင့်သလောက် သိလာလိမ့်မယ်။
၇။ လူမူရေးဆိုတဲ့ကြိုးနဲ့ လူ့ဘောင်ကိုဝိုင်းခပ်ထားတယ် လူကိုမမူရင် လူ့ဘောင်ရဲ့ဘေးရောက်မယ် လူကိုမူနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး။
၈။ အထွဠ်အထိပ်ကို ရောက်သွားသူတိုင်းအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါဘဲ။
၉။ သူများပေးစာ ကျွေးစာတစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာတစ်ကျပ်ဖိုးက ပိုပြီးမြိန်ပါတယ်။
၁၀။ လေးစားထိုက်သူရဲ့စကားကိုမှ နားထောင်ကြတာ ကိုယ်စကားနားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့။
၁၁။ အကြိုက်ချင်းမတူကြပါဘူး ကောင်းတာကိုကြိုက်ရင် ကောင်းကြောင်းတော့ ပြောပေးလိုက်ပါ ကြိုက်အောင်တော့ အတင်းမတိုက်တွန်းပါနဲ့။
၁၂။ စေတနာကောင်းနဲ့ပြည့်ပြည့်စုံစုံကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်သူစားနိုင်သလောက်စားတာကိုလည်း ကျေနပ်နိုင်ပါစေ။
၁၃။ ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ ၊ မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆို ?
၁၄။ အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။
၁၅။ မမှားသောရှေ့နေမသေသော ဆေးသမား တဲ့ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ် မမှား အကောင်းဆုံးဘဲ။
၁၆။ အရေးကြီးဆုံးဆိုတာတွေဟာ ဘာမျှမဟုတ်ပါလား လို့နားလည်ပြီးတော့ ဘာမှမဟုတ်တဲ့သဘောကို သိဖို့က အရေးကြီးဆုံးပါဘဲ။
၁၇။ အခတ်အခဲဆိုတာ ဥာဏ်နည်းသူအတွက်ဘ၀တစ်ခုလုံး ကျိုးပျက်သွားတယ်ပေမယ့် အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံး တိုးတက်သွားနိုင်တယ်။
၁၈။ လွတ်လပ်စွာတွေးခေါ်ယူဆခွင့်ရှိပေမယ့်၊ အမှားကိုအမှန် အမှန်ကိုအမှားလို့ လိမ်ညာပြောလို့မရပါဘူး။
၁၉။ မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး မေတ္တာဓာတ်တွေ ရှိနေဖို့က အရင်လိုအပ်တယ်။
၂၀။ ဖြစ်ချင်တိုင်း အဓိဠာန်ရင် အောင်မြင်ဖို့မလွယ်ဘူး ဖြစ်နိုင်တာကို ကြိုးစာမှ အဓိဠာန်အောင်မယ်။