လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)
29 March, 2012
ဗိုင်းရပ်စ် ကိုက်သွားခြင်း ...
သင်ယူထားတဲ့အသိတရားက
လူကိုဘောင်ပြန်ခတ်တယ် ...
စုဆောင်းထားတဲ့ ချစ်ခြင်းတရားက
ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ် ...
 ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့
ဟတ်ဒစ်ကို ပိုးထိတာ မဆန်းပါဘူး ...။     ။
ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင်
သိတတ်တဲ့ မင်း အသိတရားတွေကို
မြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ ...
ငါပြောသားပဲ ...
“သိတတ်လေလေ
လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။   ။
ရှာရာဗိုဗာရေ ...
အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို
ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ
ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။      ။
အချစ်ဆုံးပေးတဲ့ အမွေ ...
ဖြစ်ပျက်ရဲ့ အဆက်ဆက်
နှုတ်ဆက် အသက်ကလေး
ဒီဘ၀က ထွက်ပြီးမပြေးခင်
ရင်တွင်းဖြစ်တွေ ပြောခဲ့ပါရစေ ချစ်ခဲ့ဖူးတဲ့ ခရေ ...။    ။
ဗေလုဝ နတ်စောင်းသံ
မကြားဖူးတာအမှန်ပါ ခရေ ...
ဒါပေမဲ့ ...
ပျားရည်ကို ကျိုချက်
နှစ်တရာ စိမ်နှစ်ထားတဲ့
အချိုနက်နက်လို
မင်း စကားသံတွေကတော့
ငါ့နားစည်အမြှေးပါးတွေမှာ
ပျော့ပျောင်း မြူးတူး
ပလူးပလဲနဲ့ ပနံသင့်နေပုံတွေက
စာဖွဲ့  မပြောပြတတ်ဖူး ခရေ ...။    ။
ငါ ကံဆိုးခဲ့ပါတယ် ...
မင်းရဲ့အတွယ်တာမဲ့ 
ဥပေက္ခာရင့်ရင့် အပြုံးတွေ
ငါ့ နှလုံးသွေးအိမ်ထဲ တိုးဝင် လည်ပတ်ကြခါမှ
ခါချဉ်ကောင် ရာထောင်မက
ကိုက်ခဲမှုနဲ့ နှိုင်းယှဉ်မိတော့တယ် ...။    ။
ဒူးရင်းသီးဟာ ...
ချွန်မြတဲ့ဆူး များပေမယ့် 
အတွင်းအသားချိုပါတယ် ခရေ ...
နူးညံ့တဲ့မင်းရဲ့အသားအရေအတွင်းမှာတော့
အက်ဆစ် အဆိပ်ဆူးတွေ
ထိုးထိုးထောင်ထောင်ပြည့်နက်နေမှန်း
မင်းနဲ့ ချစ်မိတဲ့ တစ်လအကြာ
စက္ကူ ဖြူပေါ်မှာ
မင်းအမည်းတစ်စက် ကျသလို
ကွင်းကွင်းကွက်ကွက်
ထင်းထင်းရှင်းရှင်း
ငါမြင်ခွင့်ရတော့တယ် ခရေ ...။    ။
ရေခဲဟာ ရေကလာပြီး
ရေပြန်ဖြစ်သွားလဲ
မင်းကိုချစ်ရခြင်းက
အချစ်ကလာပြီး
အမုန်းဆီခရီးပြင်းဆက်ရခြင်းအတွက်
ရင်နာရတယ်- ခရေ ...။    ။
ရေတွက်ရန်ခက်ခဲတဲ့
မာယာတွေကို ကျကျနနထုပ်ပိုး
မေတ္တာအပုတ်အသိုး
အတွင်းသားရုပ်ဆိုးဆိုးကို
ပါးပါးလေးဆေးချယ်
ပရိယာယ်ကြွယ်တဲ့ မိန်းမလို့ 
မပြောရက်ဖူး- ခရေ ...။    ။
ထုံထိုင်းမှုထူထူ
ကျောက်ဆောင်အငူတခုလို
မင်းအပေါ်သက်ဝင်မှုတွေက
ယုံကြည်ခိုင်ခံ့ခဲ့
ငါ ဘယ်သူကိုအပြစ်ဖွဲ့ ရမလဲ
ချစ်ရတဲ့ ခရေရယ် ...။     ။
ဥပ္ဒါန်နဲ့ စွဲငြိ
မင်းကို ချစ်နေဆဲအသိတော့
သေရွာအထိ ယူသွားမိမှာပါ ...
ယူသွားခွင့်ပြုပါ ခရေ ...။    ။
နမ်းရှိုက်မိတဲ့ ပန်းမိုက် ...
မင်းနဲ့ ဆက်သွယ်အကြောင်းတရားတွေဆီ
စိုက်ငင်နေတဲ့  ငါ့အတွေး
အိပ်ရေးတွေက အိပ်စက်ခြင်းနဲ့ လမ်းခွဲခဲ့တယ်။   ။
ခေါင်းထောင် ထောင်ထလာတဲ့
မင်းကိုလွမ်းစိတ်
အပြီးသတ် နေဝင် မီးငြိမ်းလိုက်ချင်လည်း
ခန္ဓာသွေးမြစ်ထဲ စွဲမြဲလည်ပတ်နေဘိခြင်း ။    ။
အမြင့်ပေါ်က ကြွေကျလာတဲ့ ခရေတပွင့်
ရူးမိုက်နက်သက်စွာနဲ့ ရင်ခွင်ပွင့်ပန်းထဲ
နှစ်ပွင့်တပွင့်ရောယှက် စိမ်နှစ်မိတာကိုက
ငါကြေကွဲဖို  ကြိုတင်နိမိတ်ဖတ်ပညာ
သင်မထားမိခဲ့တာ ငါမှားတာပဲ ခရေ ။   ။
ရှေး ... ချစ်သူတို့  စကားတွေလို
“ သက်ဆုံးတိုင် ပေါင်းကြမယ်မောင် ...”
 နှုတ်ထွက် မင်းစကား
ပြန်ကြားမြည်သံတွေက
ငါ့ နားနံရံမှာ တောင်ပံခတ်လူးလွန့် နေကြဆဲပဲ ခရေ ...။    ။
ရွာတော့မယ့် မိုး
ချုပ်တော့မယ့် နေရဲ့အောက်
ပလူကောင်တွေ ရုတ်ရုတ်သဲသဲ
အိမ်တန်းပြန် ဂဏာမငြိမ်သလိုမျိုးနဲ့ 
 ငါ့စိတ်ပင့်ကူအိမ်ထဲ
ခိုင်ခန့်စွာ ကပ်ငြိနေတာက  မင်းအကြောင်းတွေပေါ့ ... ခရေ ။    ။
ခုတော့ ...
ခရေ ဆိုတာ ငါ့အတွက် တစ္ဆေ
တစ္ဆေအခြောက်ခံရချက်က
ညတစ်ည မကရှည်လျား
နေ့ ဖက်များမှာတောင် ကြောက်လန့် နေရ ။    ။
ဝေ့ ဝဲလွှင့်ပျံ တစ်ကမ်းကပ် တစ်ကမ်းခွါ
ကမ်းကပ်ကမ်းခွါမှာ သာယာတတ်တဲ့ ခရေ
ရှူရှိုက်ပြီး ခြွေပစ်တတ်တဲ့ ပန်းခတ်မုဆိုးလက်မှာ
မင်းဘဝကြေမွသွားရမှာ ...
ရင်မှာစိတ်စော
မင်းအတွက် ငါရင်မောတယ် ... ခရေ ။     ။
မျော်လင့်နေဆဲ ...
ဝေးခဲ့ပြီပဲ ...
သိပ်ချစ်တဲ့ အကြောင်းတွေကို
နင်သိအောင် ပြောပြချင်လိုက်တာ
တစ်ခြားသူတစ်ယောက်ရဲ့ ဘေးမှာ ရယ်မောနေတဲ့
နင့်ရဲ့ပုံရိပ်ကို တွေးမိရင်
ငါ့ရင်တစ်ခုလုံး နာကျဉ်ရတယ်။
ဝေးခဲ့ပြီပဲ ...
မယုံကြည်နိုင်လောက်အောင် အံ့သြပေမယ့် ...
နင်ပေးခဲ့ဖူးတဲ့ မျှော်လင့်ချက်တစ်ခုနဲ့
နင်ပြောခဲ့ဖူးတဲ့ ...
“ အချိန်တန်ရင် ပြန်လာမယ် ” 
ဆိုတဲ့  စကားတစ်ခွန်းက
အချိန်တွေ  ကြာခဲ့ပေမယ့်
ငါ့ရဲ့ ရင်ထဲမှာ 
( မနေ့တနေ့က လို )
အကြိမ်ဖန်များစွာ ရိုက်ခတ် နေဆဲပါ ... ချစ်သူ ... ။      ။
မဖြစ်နိုင်ဘူး ...
ဒါဟာ မဖြစ်နိုင်တော့ဘူး ဆိုတာ 
ငါ့ကိုယ် ငါလည်း သိနေတယ် ...
ဒါပေမယ့် ...
ချစ်သူ ...  
ငါလေ နင့်ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ 
ယုံကြည်စွာ မျှော်လင့်ဆဲပါ ...။       ။
10 March, 2012
ငါသိတယ် ...
ငါသိတယ် ...
ခရမ်းရောင် သစ်ခွတွေ ပွင့်တဲ့အကြောင်း
ငါသိတယ် ...
အနီရောင် တိမ်တိုက်တွေ အကြောင်း
ငါသိတယ် ...
လျှို့ဝှက်ချက်တွေ များတဲ့ ပင်လယ်ပြင်အကြောင်း
ငါသိတယ် ...
231/2 ဒီဂရီ လည်ပတ်နေတဲ့ ကမ္ဘာကြီးအကြောင်း
ငါသိတယ် ...
ကောင်းကင်ရဲ့ လွတ်လပ်လေဟာနယ်အကြောင်း
ငါသိတယ် ...
ဗုဒ္ဒ္ဓတရားတော် တွေရဲ့ အကျိုးသက်ရောက်ပုံ
ငါသိတယ် ...
ညဖက်မှာ ပွင့်လန်းတတ်တဲ့ ကြယ်ပန်းခင်းအကြောင်း
ငါသိတယ် ...
နွေဦးပုံပြင်ရဲ့ အပူပြင်းဆုံးဒေသ
ငါသိတယ် ...
ဒေးကာနယ်ဂျီရဲ့ အောင်မြင်မှု လမ်းညွှန်တွေ
ငါသိတယ် ...
ဘဂါနီနီရဲ့ တယောသီအိုရီ
ငါသိတယ် ...
မြေပုံထဲမပါတဲ့ ကမ္ဘာပတ်လမ်း
ငါသိတယ် ...
......................
......................
အို - အကုန်လုံးငါသိခဲ့တယ် ...။
ဒါပေမယ့် ....
ငါမသိတာတစ်ခုကတော့ ရှိတယ် ... 
မင်းနဲ့ခွဲ ရတဲ့အခါ
ဘယ်လိုအထီးကျန် နေခဲ့ရမလဲဆိုတာကိုပေါ့ ...။   ။
                                              အကြည်တော်(ကဝေပျို၏ နိဒါန်း -- မှ -- )
09 March, 2012
အလွမ်းကြောက်သူ ...
သိစိတ်က ရိုးသားချင်ပေမယ့် ...
မသိစိတ်က တောင်းဆိုနေတယ် သူငယ်ချင်းရယ် ...။  ။
ကျေးဇူးပြု၍ ...
ငါ့အချစ်တွေကို ဥပေက္ခာ မပြုလိုက်ပါနဲ့  ...။  ။
မင်းသာ အနားမှာမရှိရင် ...
ငါ့ဘဝက ကာရံမဲ့ ကဗျာလို လှပနိုင်မှာ မဟုတ်လို့ပါ ...
ပြီးတော့ ... ငါ မလွမ်းရဲလို့ပါ ...။  ။
08 March, 2012
အလွမ်းများ
     မျက်၇ည်တွေ ပေါက်ခနဲ
          ပြုတ်ကျသွားလို့ 
          စိတ်ပျော့လိုက်တဲ့ ယောကျာ်း၇ယ်လို့ 
          မင်း....မထင်၇က်လိုက်နဲ့ နော်.........
     အဲဒါ
          ဟန်ဆောင်မှု့ မျက်နှာဖုံး  မပါပဲ
          ၇င်ထဲမှာ ခံစားနေခဲ့၇သမျှကို
ေ၇းဖွဲ့  သီကုံးလိုက်တဲ့
       "  အ၇ိုး၇ှင်း " ဆုံးကဗျာ တစ်မျိုးပါ.....
     အလွမ်းတွေပဲ ကြီးစိုးနေမှတော့
            နှလုံးသား၇ဲ့ ဘေးမှာ
           တထီးတည်း၇ှိနေတဲ့ သစ်ပင်အိုကြီးကတောင်
          တိုးဖွဖွလေး       ဆော့ကာပြေးသွားတဲ့
          လေပြည်ညှင်း၇ဲ့  သွေးထဲကနေ
         အလွမ်း၇ဲ့  ငိုညည်းသံတွေကို ကြားနေ၇တယ်တဲ့....
     အဲ့ဒါလေ
            ငါမှ မငို၇င်
           ဒီမျက်၇ည်တွေဟာ သစ်ပင်အိုကြီးဆီက များလားဟင်.....?
     ၇ိုးတံတွေ အပြိုင်းပြိုင်းနဲ့ 
            အထီးကျန်နေဆဲ သစ်ပင်အိုကြီးက
           ကိုယ်ချင်းစာစွာ
          ငါ့ကိုယ်....ဖတ်၇မ်း  နုတ်ဆက်၇င်း
        "   ငါလဲ မင်းလိုပါပဲတဲ့ "
     မျက်၇ည်တွေ ပေါက်ခနဲ ခြွေချ
            အက်ကြောင်းထက်ဒဏ်၇ာနဲ့  နှလုံးသားကို
           သစ်ပင်အို၇ဲ့ ၇င်ခွင်မှာ မှီနွဲ့ လို့
          လွမ်းမော၇ာပင်ပန်းကြောင်းပြောပြတော့
          ချည့်နဲ့ စွာ...ပြုံးပြ၇ှာတယ်
         ပြီးတော့မှ....
       "  အတူတူပါပဲကွယ် "   တဲ့......၊၊                ၊၊
                                                သ၇
05 March, 2012
ဒီဇင်ဘာ အလွမ်း
         ချစ်သူေ၇......
                  ကမ်းလင့်ထားတဲ့ လက်အစုံမှာ
                  မုသားမပါ 
                  မာယာတွေေ၇ာစွပ်မနေဘဲ
                 ညတစ်ညကို  အသက်သွင်းချင်ခဲ့တာယုံပါ.....
      တကယ်ဆို၇င်....
               ညဆိုတာ
              အတောင်ပံပါတဲ့
              ငှက်လေးတစ်ကောင်မှ မဟုတ်ပဲလေ.....
    လှုပ်ခက်သံ တဖျပ်ဖျပ်နဲ့ .......
            တောင်ပံတစ်စုံ ၇ိုက်ချခဲ့တဲ့ ညခင်းဟာ
            အလွမ်းည ဆို၇င်
            (၂၀၀၇) ၇ဲ့  ဒီဇင်ဘာ ညလေးထဲကို
            အပြေးလေးပဲ     ပြန်ပြီးေ၇ာက်ချင်ပါတယ်......
    တကယ်တမ်းကြတော့........
                   ပျံသန်းခွင့်မ၇နိင်တဲ့ ပင်ဂွင်းငှက်လေးတွေ၇ယ်
                   ကြွေလွင့်သွားတဲ့  ပန်ဆင်သူမဲ့ ပွင့်၇ွက်လေးတွေ၇ယ်
                   ပြီတော့လည်း
                  (အိပ်မက်ဆန်စွာ)
                 ထိကပ်ခွင့်၇၇ုံလေး နမ်း၇ှိုက်ခဲ့ဖူးတဲ့
                 နုတ်ခမ်းလွှာလေးကို လွမ်းတဲ့ ကောင်လေး၇ယ်
     အ၇ာအားလုံးဟာ ...ငါ့ အတွက်တော့
                 ဒီဇင်ဘာ၇ဲ့ နှင်းတွေနဲ့ အတူ
                သိပ်ပြီးတော့များ ကြေကွဲလွမ်းဆွတ်စ၇ာ
                ကောင်းနေခဲ့တာပဲမဟုတ်လားချစ်သူ၇ယ်.....၊၊          ၊၊
                                                                                      သ၇ 
                        (၀၇) ၇ဲ့   ဒီဇင်ဘာညသို့ ၇ည်ညွှန်းေ၇းဖွဲ့ ပါသည်၊၊    
03 March, 2012
“ ဆုံးမစာ ”
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါဝယ်၊
လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည်း။
သန်းခေါင် လကွယ်၊
တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသည်၊မိုးလုံးတိမ်တိုက်၊
လျှပ်မကြိုက်သား၊ အမိုက်အပြား၊
အင်လေးပါးထက်၊ နင်ကားရာထောင်၊
မကမှောင်၏။
ဘယ်တော့လည်း ...
ဘယ်တော့လည်းကွယ်
ကိုယ့်ရင်ထဲက အချစ်တွေမင်းအသိအမှတ်ပြုသောနေ့....
ဘယ်တော့လည်းကွယ်
မင်းရင်ထဲက အချစ်တွေကိုယ်ပိုင်ဆိုင်ရမယ့်ရက်....
ဘယ်တော့လည်းကွယ်
ကိုယ့်အချစ်မင်းအချစ် အပြန်အလှန်သက်သေထူမယ့်အချိန်...
ဘယ်တော့လည်းကွယ်
ဒါကိုယ့်ချစ်သူပါလို့ လူပုံအလယ် ကြွားနိုင်မယ့်အခါ....
ဘယ်တော့လည်းကွယ်
မင်းချစ်သူ ကိုယ်ပါလို့ ရင်ကော့ခေါင်းမော့ မော်နိုင်မယ့်ကာလ....
အင်း....ဘယ်တော့....ဘယ်တော့
ဘယ်တော့လည်းကွယ်
စောင့်စားနေခဲ့
မျှော်လင့်နေရဲ့
တမ်းတနေသကွဲ့
အသည်းနဲ့ထပ်တူ
မြတ်နိုးသူမို့
ဘယ်သို့ တောင်းဆိုမှ
တုံ့ပြန်မှုရမယ်ဆိုတာ
မသိနိုင်ပါ ဒါကိုယ့်အားနည်းချက်
အသက်ရေ ခွင့်လွှတ်နိုင်ပါသလား
အဲဒါလည်းပဲ.....ဘယ်တော့လည်းကွယ်
အချစ်ဆိုတာ ...
အချစ်ဆိုတာ ...
ပျော်ရွှင်ခြင်းတွေရဲ့ သင်္ကေတ
ဝမ်းနည်းမှုအမှတ်တံဆိပ်
အောင်မြင်ခြင်းတွေရဲ့ မြစ်ဖျားခံရာ
ရှုံးနိမ့်မှုတွေရဲ့ ရေသောက်မြစ်
အရာရာတိုင်းမှ သူပါနေတတ်ပြီး
တစ်ခါတစ်ခါတော့လည်း
အချစ်ဆိုတာဘာမှမဟုတ်သလိုပါပဲ ကွယ်....
ထိုမျှမကသော ...
မင်းကို ချစ်တာတွေသာ
သစ်ပင်ဖြစ်ရင်
ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်
အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်....
မင်းကိုလွမ်းတာတွေသာ
ပန်းဖြစ်ရင်
ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့
ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့....
မင်းကိုတမ်းတတာတွေသာ
ရေဖြစ်ရင်
ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ
အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ....
မင်းကိုသတိရတာတွေသာ
ရွှေဖြစ်ရင်
ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့
လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်....
ကဲ..ကဲ...
ပိုတယ်ပြောမနေနဲ့
လိုတယ်လို့တောင်ထင်တယ်
ကိုယ်ရဲ့အချစ်
ကိုယ့်မေတ္တာဟာ
ကမ္ဘာမြေသိန်းသန်းအထု
အစုစုမက
စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်
အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်....
မနာခံတတ်သော နှလုံးသား
မင်းကို ချစ်ပါတယ်
ဒါပေမယ့်လည်းကွယ်
ထိရှလွယ်တဲ့နှလုံးသားကို ဒဏ်ရာထင်မှာစိုးတယ် ...။   ။
မင်းကို လွမ်းချင်တယ်
ဒါပေမယ့်လည်းကွယ်
တမ်းတတတ်တဲ့နှလုံးသားကို မညှင်းဆဲချင်တော့ဘူး ...။  ။
မင်းကို မေ့ချင်တယ်
ဒါပေမယ့်လည်းကွယ်
စွဲငြိတတ်တဲ့နှလုံးသားကို မလွန်ဆန်နိုင်ဘူး ...။   ။
မင်းကို မုန်းချင်တယ်
ဒါပေမယ့်လည်းကွယ်
ချစ်တတ်လွန်းတဲ့ နှလုံးသားက ခွင့်မပြုပါဘူးတဲ့ ...
သြော် ... နှလုံးသားရယ်
နုနယ်ရက်နဲ့ ဘာကြောင့်ခေါင်းမာရပါသလည်းကွယ် ...။   ။
ကိုသူ(၂၀.၁၁.၀၈)
နှလုံးသားနဲ့ ရန်ဖြစ်ခြင်း
မေ့ထားပါတယ်ဆို
ပေါ်လာတဲ့ ပုံရိပ်
တထိတ်ထိတ်ရင်ခုန်အောင်
မစွဲဆောင်ပါနဲ့လားကွယ် ...။   ။
သတိမရချင်တော့ပါဘူးဆို
ချစ်တတ်တဲ့ ဒီနှလုံးသား
မခံစားတတ်တော့အောင်
မစွမ်းဆောင်နိုင်တော့ဘူးလားကွယ် ...။   ။
မလာတော့ပါဘူးဆို
သွားချင်နေတဲ့ ဒီအချစ်စိတ်
တိတ်တိတ်လေးကြေကွဲ
အသည်းမရှိချင်တော့ပါဘူး တကယ် ...။   ။
ကိုသူ(၂၀.၁၁.၀၈)
ကဗျာ ဆိုတာ ...
ကာရန်တွေ ဝေရီနေဆဲ
အဲ့ဒါလည်းကဗျာ...
စာသားတွေ စီကာရစ်ဝဲ
အဲ့ဒါလည်းကဗျာ...
ခံစားမှုတွေ ရင်အနှံပေါက်ပွား
နှလုံးသား အခြေက ပွင့်အံသွား
ရှင်သန်ပွားများ ရေးသားသီကာ
အားလုံးဟာ ကဗျာပါပဲကွယ်လို့
ယုံကြည်နေတယ် တို့ထာဝရပါလေ ...။   ။
ကိုသူ
10.12.08
02 March, 2012
သက်ဆိုင်သူ သို့ ...
အချစ်နဲ့အလွမ်း  ဒွန်တွဲနေလည်း
နင့်ကိုချစ်လို့  ငါလွမ်းနေမည် ...။   ။
အမုန်းနဲ့အပြုံး  ဒွန်တွဲနေလည်း
နင့်ကိုအမြဲ  ငါပြုံးပြမည် ...။    ။
နိုင်ငံတွေခြား  ကမ္ဘာခြားလည်း…
နင့်အနားအမြဲ  ငါရှိနေမည် ...။   ။
နာရီအနည်းငယ်  စက္ကန့်များစွာ
ဝေးကွာနေလည်း  ငါ့စိတ်ထဲမှာ
နင့်အမြဲရှိသည် ... ။   ။
အချစ်ဆိုတာ အခုမှ စသိတဲ့ ငါအတွက်…..
နင့်ရဲ့အပြော နင့်ရဲ့အပြုအမူကြောင့်  ငါကျဆုံးဖို့ဖြစ်လာတာပါပဲ ..။   ။
အလွမ်းဆိုတာ အခုမှ စသိတဲ့ငါအတွက်တော့
နင့်နဲ့ဝေးနေတဲ့အချိန်မှာသတိရဖို့ဖြစ်လာတာပါပဲ ...။   ။
အမုန်းဆိုတာမျိုး ငါမလိုချင်ပေမဲ့ 
နင်မုန်းဖို့  ငါမွေးဖွားတာလား ...? ။   ။
နင့်ရဲ့အချစ်ဦး  ငါမဟုတ်ဘူးဆိုတာ  သိခဲ့ပေမဲ့
နင့်ရဲ့အချစ်ဆုံး  ဖြစ်ချင်ခဲ့တာ  ငါပဲမှားခဲ့တာလား ...။   ။
အချစ်နဲ့အလွမ်းကို  နင့်ရဲ့လက်ဆောင်တစ်ခုဖြစ်   ငါခံယူလို့ရပေမဲ့
အမုန်းကိုတော့  ငါကိုမပေးပါနဲ့လားချစ်သူ ...။    ။
နင့်ကိုချစ်ခဲ့တာ  နောက်ဆုံးအခွင့်အရေး  တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
သက်ဆိုင်သူရေ  နင့်ကိုငါ မဆုံးရှုံးပါရစေနဲ့ ...။    ။
ဝေးရပ်ဆီမှ  ချစ်သူဆီသို့ ...
ငါ့နှလုံးသားနဲ့  ပေးပို့လိုက်သည်
သူသိပါစေ ... သူကြားနိုင်ပါစေ ....။။။။။။။။
ညလူ
ချစ်တဲ့ကောင်မလေးေ၇....
        ကိုယ့်အနားမှာ
         ကိုယ်အစွမ်းကုန်လွမ်းဖို့ အတွက်
        ဘယ်သူမှ မ၇ှိလဲဖြစ်တယ်
     ကော်ဖီတစ်ခွက်
          လွမ်းမောစ၇ာ အကြောင်းအချက်အလက်တွေနဲ့ 
ကိုယ့်စိတ်ထဲမှာ
              ကောင်မလေး....အမြဲ၇ှိနေတယ်ဆိုတာကပဲ
          ထပ်ပြီးတော့
           ခွေးခြေပုလေးတစ်လုံး
           ဂစ်တာ တစ်လတ်နဲ့ 
          သံစဉ် တစ်ဝက်တစ်ပျက်၇ှိမယ်ဆို၇င်
 ကောင်မလေးကို လွမ်းဖို့....လုံလောက်ပါတယ်.......
     တဖြည်းဖြည်းနက်လာတဲ့ဥာဥ့်မှာ
                 တစ်လက်လက်တောက်ပနေတဲ့ကြယ်ပွင့်လေးတွေကို
      (တစ်ထောင့်ငါး၇ာ)ပြည့်အောင်ေ၇တွက်၇င်းနဲ့ 
ကိုယ့်အလွမ်းတွေကို
         ဘယ်သူမှ မ၇ိပ်မိအောင်
လွတ်လပ်စွားဖောက်ခွဲပြစ်လိုက်တော့တယ်.....
  ကိုယ် တီးခတ်နေတဲ့
          ဂစ်တာ တစ်လတ်ကလွဲ၇င်
   ကိုယ် .....ပေါက်ကွဲနေတဲ့အကြောင်း
    ကိုယ်....၇ူးသွပ်စွာ တမ်းတနေတဲ့အကြောင်း
             နွမ်းလျနေတဲ့ ကြားထဲက
             ကိုယ်၇င်တွေ ဆူဝေနေတဲ့အကြောင်းကိုလေ
           ဘယ်သူမှ ကြားလိုက်မိမှာတော့မဟုတ်ဖူးပေါ့.....
   အဆုံးမှာ
       ပြုံးလိုက်မိသလားပဲ
       ပြီးတော့မှ ဂစ်တာကို တင်းတင်းတွယ်ဖက်
           သူ့ ၇င်ခွင်မှာ မှေးစက်လိုက်တာ နောက်ဆုံးပဲ.....။           ။
                                                                               from ..thara
01 March, 2012
မင်း မသိနိုင်ပေမဲ့ ...
တစ်မိုးလင်းခဲ့ပြန်ပြီ
နင့်ကိုလွမ်းရင်းနဲ့ အိပ်မရလို့ 
အိပ်ရေးပျက်ရတဲ့ညပေါင်းလဲ
မရေတွက်နိုင်အောင် များခဲ့ပြီလေ ...။   ။
ငါ့အနားမှာ နင်မရှိတော့ပေမဲ့
ငါ့အိပ်မက်တွေထဲမှာတော့
နင်က ဟိုအရင်လို
ရှင်သန်နေဆဲဘဲလေ ...။   ။
တစ်မိုးချုပ်ခဲ့ပြန်ပြီ
ဘ၀အတွက် ရုန်းကန်ရင်း
နင့်ကိုငါ တစ်စက္ကန့် တောင် မေ့မသွားဘဲ
အချိန်တိုင်းကိုသတိရနေခဲ့တာပါ ...။   ။
နင်ကတော့မသိနိုင်ပေမဲ့
ငါ့ရင်ထဲမှာတော့
နင့်အတွက်တစ်နေရာ
နွေးထွေးစွာ ရှိနေဆဲပါဘဲလေ ...။   ။
ရှေ့သို့မျှော်ကြည့်ခြင်း
နောက်ထက်စာတစ်မျက်နှ
 ငါ့အတွက် ဘာများထပ် ဖြစ်လာနိုင်ဦးမလဲမသိဘူး
         ခက်ကြမ်းကြမ်းဆိုရင်တောင်မှ
                      ငါဖြတ်သန်းဖို့ဆုံးဖြတ်ထားပြီးမှပဲ
နောက်ကိုပြန်လှည့်ကြည့်လို့
                     ပြီးခဲ့တဲ့ အတိတ်စာမျက်နှာတွေကို
         လှန်လှန်ပြီး ပြန်မဖတ်ချင်တော့ဘူး
ခက်ခဲမှာခြင်း အတူတူတော့
           မျက်ရည်ဝဲခဲ့တဲ့နေ့တွေကိုကျော်ဖြတ်ဖို့
                သြော် ...ငါတို့ဘ၀တွေအတွက် ရှေ့ဆက်ဦးမယ်၊၊      ၊၊
                                                                                            (သ၇)
ဆည်းဆာ၇ဲ့ ဆည်းဆာ
           ချစ်တဲ့သူက....
ကိုယ်နဲ့ပက်သက်ခဲ့သမျှကို
          အိပ်မက်တစ်ခုလို
သဘောထားချင်ခဲ့တဲ့အချိန်မှာ
                  ကိုယ့်အတွက်က အသည်းကွဲခြင်းနိဒါန်းလေ...
        ချစ်တဲ့သူက.....
ကိုယ်နဲ့ပက်သက်ခဲ့သမျှ
             အတိတ်ကာလများစွာကို
မသိကျိုးကျွံပြုလျှက်  မေ့လျော့နေခဲ့ချိန်မှာ
                         ကိုယ့်အတွက်က
       လိမ့်ဝင်လာတဲ့အလွမ်းမှာ
ပျော်၇ွင်စွာ စီးဝင်နစ်မြောဆဲပေါ့.....
        ချစ်တဲ့သူက......
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့
                    ၇င်ခုန်သံချင်းနီးစပ်ဖို့
         (သံကူကွန်က၇စ်)တံတားဆောက်နေခဲ့ချိန်မှာ
            ကိုယ့်အတွက်က
     ဖိနပ်မပါ။အမိုးမပါလည်း
အလွမ်းတွေက ခမ်းနာနေဆဲမို့
              ကဗျာပုဒ်လေးတွေတော့
မွေးထုတ်လို့ကောင်းနေတုန်းပေါ့.....
        ချစ်တဲ့သူက......
                  သူ့ချစ်သူ၇ဲ့၇င်ခွင်မှာ
       ညနေခင်းဆည်းဆာကို
                           ပျော်၇ွင်စွာဖြတ်သန်းဖို့ပြင်ဆင်နေခဲ့ချိန်မှာ
                   ကိုယ့်အတွက်က
 ကြေကွဲခြင်း ဒဏ်၇ာတွေကို သိမ်းထုတ်ပိုးလွယ်ထားပြီး
                 ငုပ်လျှိုးလုလုနေ၀င်ချိန်ကို မျက်နှာမူ၇င်းနဲ့
                           အနိင်နိင်လျှောက်လှမ်းခဲ့ခြင်း၇ဲ့နောက်ဆုံးမှာ
            ကိုယ်ပိုင်တဲ့အိပ်ယာသည်ပဲ
                                         ချစ်တက်လွန်းသူ   ကိုယ့်အတွက်
        ဆည်းဆာ၇ဲ့ဆည်းဆာ ဖြစ်နေမှာ၊           ။