လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 March, 2012

မျော်လင့်နေဆဲ ...

ဝေးခဲ့ပြီပဲ ...
သိပ်ချစ်တဲ့ အကြောင်းတွေကို
နင်သိအောင် ပြောပြချင်လိုက်တာ
တစ်ခြားသူတစ်ယောက်ရဲ့ ဘေးမှာ ရယ်မောနေတဲ့
နင့်ရဲ့ပုံရိပ်ကို တွေးမိရင်
ငါ့ရင်တစ်ခုလုံး နာကျဉ်ရတယ်။


ဝေးခဲ့ပြီပဲ ...
မယုံကြည်နိုင်လောက်အောင် အံ့သြပေမယ့် ...

နင်ပေးခဲ့ဖူးတဲ့ မျှော်လင့်ချက်တစ်ခုနဲ့

နင်ပြောခဲ့ဖူးတဲ့ ...
“ အချိန်တန်ရင် ပြန်လာမယ် ” 
ဆိုတဲ့  စကားတစ်ခွန်းက
အချိန်တွေ  ကြာခဲ့ပေမယ့်
ငါ့ရဲ့ ရင်ထဲမှာ 
( မနေ့တနေ့က လို )
အကြိမ်ဖန်များစွာ ရိုက်ခတ် နေဆဲပါ ... ချစ်သူ ... ။      ။

မဖြစ်နိုင်ဘူး ...
ဒါဟာ မဖြစ်နိုင်တော့ဘူး ဆိုတာ 
ငါ့ကိုယ် ငါလည်း သိနေတယ် ...
ဒါပေမယ့် ...
ချစ်သူ ...  
ငါလေ နင့်ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ 
ယုံကြည်စွာ မျှော်လင့်ဆဲပါ ...။       ။