လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 March, 2012

ဗိုင်းရပ်စ် ကိုက်သွားခြင်း ...

သင်ယူထားတဲ့အသိတရားက
လူကိုဘောင်ပြန်ခတ်တယ် ...
စုဆောင်းထားတဲ့ ချစ်ခြင်းတရားက
ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ် ...
 ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့
ဟတ်ဒစ်ကို ပိုးထိတာ မဆန်းပါဘူး ...။     ။

ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင်
သိတတ်တဲ့ မင်း အသိတရားတွေကို
မြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ ...
ငါပြောသားပဲ ...
“သိတတ်လေလေ
လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။   ။

ရှာရာဗိုဗာရေ ...
အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို
ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ
ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။      ။