လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 March, 2012

အချစ်ဆုံးပေးတဲ့ အမွေ ...

ဖြစ်ပျက်ရဲ့ အဆက်ဆက်
နှုတ်ဆက် အသက်ကလေး
ဒီဘ၀က ထွက်ပြီးမပြေးခင်
ရင်တွင်းဖြစ်တွေ ပြောခဲ့ပါရစေ ချစ်ခဲ့ဖူးတဲ့ ခရေ ...။    ။

ဗေလုဝ နတ်စောင်းသံ
မကြားဖူးတာအမှန်ပါ ခရေ ...
ဒါပေမဲ့ ...
ပျားရည်ကို ကျိုချက်
နှစ်တရာ စိမ်နှစ်ထားတဲ့
အချိုနက်နက်လို
မင်း စကားသံတွေကတော့
ငါ့နားစည်အမြှေးပါးတွေမှာ
ပျော့ပျောင်း မြူးတူး
ပလူးပလဲနဲ့ ပနံသင့်နေပုံတွေက
စာဖွဲ့  မပြောပြတတ်ဖူး ခရေ ...။    ။

ငါ ကံဆိုးခဲ့ပါတယ် ...
မင်းရဲ့အတွယ်တာမဲ့ 
ဥပေက္ခာရင့်ရင့် အပြုံးတွေ
ငါ့ နှလုံးသွေးအိမ်ထဲ တိုးဝင် လည်ပတ်ကြခါမှ
ခါချဉ်ကောင် ရာထောင်မက
ကိုက်ခဲမှုနဲ့ နှိုင်းယှဉ်မိတော့တယ် ...။    ။

ဒူးရင်းသီးဟာ ...
ချွန်မြတဲ့ဆူး များပေမယ့် 
အတွင်းအသားချိုပါတယ် ခရေ ...
နူးညံ့တဲ့မင်းရဲ့အသားအရေအတွင်းမှာတော့
အက်ဆစ် အဆိပ်ဆူးတွေ
ထိုးထိုးထောင်ထောင်ပြည့်နက်နေမှန်း
မင်းနဲ့ ချစ်မိတဲ့ တစ်လအကြာ
စက္ကူ ဖြူပေါ်မှာ
မင်းအမည်းတစ်စက် ကျသလို
ကွင်းကွင်းကွက်ကွက်
ထင်းထင်းရှင်းရှင်း
ငါမြင်ခွင့်ရတော့တယ် ခရေ ...။    ။

ရေခဲဟာ ရေကလာပြီး
ရေပြန်ဖြစ်သွားလဲ
မင်းကိုချစ်ရခြင်းက
အချစ်ကလာပြီး
အမုန်းဆီခရီးပြင်းဆက်ရခြင်းအတွက်
ရင်နာရတယ်- ခရေ ...။    ။

ရေတွက်ရန်ခက်ခဲတဲ့
မာယာတွေကို ကျကျနနထုပ်ပိုး
မေတ္တာအပုတ်အသိုး
အတွင်းသားရုပ်ဆိုးဆိုးကို
ပါးပါးလေးဆေးချယ်
ပရိယာယ်ကြွယ်တဲ့ မိန်းမလို့ 
မပြောရက်ဖူး- ခရေ ...။    ။

ထုံထိုင်းမှုထူထူ
ကျောက်ဆောင်အငူတခုလို
မင်းအပေါ်သက်ဝင်မှုတွေက
ယုံကြည်ခိုင်ခံ့ခဲ့
ငါ ဘယ်သူကိုအပြစ်ဖွဲ့ ရမလဲ
ချစ်ရတဲ့ ခရေရယ် ...။     ။
ဥပ္ဒါန်နဲ့ စွဲငြိ
မင်းကို ချစ်နေဆဲအသိတော့
သေရွာအထိ ယူသွားမိမှာပါ ...
ယူသွားခွင့်ပြုပါ ခရေ ...။    ။