မင်းနဲ့ ဆက်သွယ်အကြောင်းတရားတွေဆီ
စိုက်ငင်နေတဲ့  ငါ့အတွေး
အိပ်ရေးတွေက အိပ်စက်ခြင်းနဲ့ လမ်းခွဲခဲ့တယ်။ ။
ခေါင်းထောင် ထောင်ထလာတဲ့
မင်းကိုလွမ်းစိတ်
အပြီးသတ် နေဝင် မီးငြိမ်းလိုက်ချင်လည်း
ခန္ဓာသွေးမြစ်ထဲ စွဲမြဲလည်ပတ်နေဘိခြင်း ။ ။
အမြင့်ပေါ်က ကြွေကျလာတဲ့ ခရေတပွင့်
ရူးမိုက်နက်သက်စွာနဲ့ ရင်ခွင်ပွင့်ပန်းထဲ
နှစ်ပွင့်တပွင့်ရောယှက် စိမ်နှစ်မိတာကိုက
ငါကြေကွဲဖို ကြိုတင်နိမိတ်ဖတ်ပညာ
သင်မထားမိခဲ့တာ ငါမှားတာပဲ ခရေ ။ ။
ရှေး ... ချစ်သူတို့  စကားတွေလို
“ သက်ဆုံးတိုင် ပေါင်းကြမယ်မောင် ...”
နှုတ်ထွက် မင်းစကား
ပြန်ကြားမြည်သံတွေက
ငါ့ နားနံရံမှာ တောင်ပံခတ်လူးလွန့် နေကြဆဲပဲ ခရေ ...။ ။
ရွာတော့မယ့် မိုး
ချုပ်တော့မယ့် နေရဲ့အောက်
ပလူကောင်တွေ ရုတ်ရုတ်သဲသဲ
အိမ်တန်းပြန် ဂဏာမငြိမ်သလိုမျိုးနဲ့ 
ငါ့စိတ်ပင့်ကူအိမ်ထဲ
ခိုင်ခန့်စွာ ကပ်ငြိနေတာက မင်းအကြောင်းတွေပေါ့ ... ခရေ ။ ။
ခုတော့ ...
ခရေ ဆိုတာ ငါ့အတွက် တစ္ဆေ
တစ္ဆေအခြောက်ခံရချက်က
ညတစ်ည မကရှည်လျား
နေ့ ဖက်များမှာတောင် ကြောက်လန့် နေရ ။ ။
ဝေ့ ဝဲလွှင့်ပျံ တစ်ကမ်းကပ် တစ်ကမ်းခွါ
ကမ်းကပ်ကမ်းခွါမှာ သာယာတတ်တဲ့ ခရေ
ရှူရှိုက်ပြီး ခြွေပစ်တတ်တဲ့ ပန်းခတ်မုဆိုးလက်မှာ
မင်းဘဝကြေမွသွားရမှာ ...
ရင်မှာစိတ်စော
မင်းအတွက် ငါရင်မောတယ် ... ခရေ ။ ။
စိုက်ငင်နေတဲ့  ငါ့အတွေး
အိပ်ရေးတွေက အိပ်စက်ခြင်းနဲ့ လမ်းခွဲခဲ့တယ်။ ။
ခေါင်းထောင် ထောင်ထလာတဲ့
မင်းကိုလွမ်းစိတ်
အပြီးသတ် နေဝင် မီးငြိမ်းလိုက်ချင်လည်း
ခန္ဓာသွေးမြစ်ထဲ စွဲမြဲလည်ပတ်နေဘိခြင်း ။ ။
အမြင့်ပေါ်က ကြွေကျလာတဲ့ ခရေတပွင့်
ရူးမိုက်နက်သက်စွာနဲ့ ရင်ခွင်ပွင့်ပန်းထဲ
နှစ်ပွင့်တပွင့်ရောယှက် စိမ်နှစ်မိတာကိုက
ငါကြေကွဲဖို ကြိုတင်နိမိတ်ဖတ်ပညာ
သင်မထားမိခဲ့တာ ငါမှားတာပဲ ခရေ ။ ။
ရှေး ... ချစ်သူတို့  စကားတွေလို
“ သက်ဆုံးတိုင် ပေါင်းကြမယ်မောင် ...”
နှုတ်ထွက် မင်းစကား
ပြန်ကြားမြည်သံတွေက
ငါ့ နားနံရံမှာ တောင်ပံခတ်လူးလွန့် နေကြဆဲပဲ ခရေ ...။ ။
ရွာတော့မယ့် မိုး
ချုပ်တော့မယ့် နေရဲ့အောက်
ပလူကောင်တွေ ရုတ်ရုတ်သဲသဲ
အိမ်တန်းပြန် ဂဏာမငြိမ်သလိုမျိုးနဲ့ 
ငါ့စိတ်ပင့်ကူအိမ်ထဲ
ခိုင်ခန့်စွာ ကပ်ငြိနေတာက မင်းအကြောင်းတွေပေါ့ ... ခရေ ။ ။
ခုတော့ ...
ခရေ ဆိုတာ ငါ့အတွက် တစ္ဆေ
တစ္ဆေအခြောက်ခံရချက်က
ညတစ်ည မကရှည်လျား
နေ့ ဖက်များမှာတောင် ကြောက်လန့် နေရ ။ ။
ဝေ့ ဝဲလွှင့်ပျံ တစ်ကမ်းကပ် တစ်ကမ်းခွါ
ကမ်းကပ်ကမ်းခွါမှာ သာယာတတ်တဲ့ ခရေ
ရှူရှိုက်ပြီး ခြွေပစ်တတ်တဲ့ ပန်းခတ်မုဆိုးလက်မှာ
မင်းဘဝကြေမွသွားရမှာ ...
ရင်မှာစိတ်စော
မင်းအတွက် ငါရင်မောတယ် ... ခရေ ။ ။
No comments :
Post a Comment