လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

01 March, 2012

မင်း မသိနိုင်ပေမဲ့ ...

တစ်မိုးလင်းခဲ့ပြန်ပြီ
နင့်ကိုလွမ်းရင်းနဲ့ အိပ်မရလို့ 
အိပ်ရေးပျက်ရတဲ့ညပေါင်းလဲ
မရေတွက်နိုင်အောင် များခဲ့ပြီလေ ...။   ။

ငါ့အနားမှာ နင်မရှိတော့ပေမဲ့
ငါ့အိပ်မက်တွေထဲမှာတော့
နင်က ဟိုအရင်လို
ရှင်သန်နေဆဲဘဲလေ ...။   ။

တစ်မိုးချုပ်ခဲ့ပြန်ပြီ
ဘ၀အတွက် ရုန်းကန်ရင်း
နင့်ကိုငါ တစ်စက္ကန့် တောင် မေ့မသွားဘဲ
အချိန်တိုင်းကိုသတိရနေခဲ့တာပါ ...။   ။

နင်ကတော့မသိနိုင်ပေမဲ့
ငါ့ရင်ထဲမှာတော့
နင့်အတွက်တစ်နေရာ
နွေးထွေးစွာ ရှိနေဆဲပါဘဲလေ ...။   ။