အချစ်နဲ့အလွမ်း ဒွန်တွဲနေလည်း
နင့်ကိုချစ်လို့ ငါလွမ်းနေမည် ...။ ။
အမုန်းနဲ့အပြုံး ဒွန်တွဲနေလည်း
နင့်ကိုအမြဲ ငါပြုံးပြမည် ...။ ။
နိုင်ငံတွေခြား ကမ္ဘာခြားလည်း…
နင့်အနားအမြဲ ငါရှိနေမည် ...။ ။
နာရီအနည်းငယ် စက္ကန့်များစွာ
ဝေးကွာနေလည်း ငါ့စိတ်ထဲမှာ
နင့်အမြဲရှိသည် ... ။ ။
အချစ်ဆိုတာ အခုမှ စသိတဲ့ ငါအတွက်…..
နင့်ရဲ့အပြော နင့်ရဲ့အပြုအမူကြောင့် ငါကျဆုံးဖို့ဖြစ်လာတာပါပဲ ..။ ။
အလွမ်းဆိုတာ အခုမှ စသိတဲ့ငါအတွက်တော့
နင့်နဲ့ဝေးနေတဲ့အချိန်မှာသတိရဖို့ဖြစ်လာတာပါပဲ ...။ ။
အမုန်းဆိုတာမျိုး ငါမလိုချင်ပေမဲ့
နင်မုန်းဖို့ ငါမွေးဖွားတာလား ...? ။ ။
နင့်ရဲ့အချစ်ဦး ငါမဟုတ်ဘူးဆိုတာ သိခဲ့ပေမဲ့
နင့်ရဲ့အချစ်ဆုံး ဖြစ်ချင်ခဲ့တာ ငါပဲမှားခဲ့တာလား ...။ ။
အချစ်နဲ့အလွမ်းကို နင့်ရဲ့လက်ဆောင်တစ်ခုဖြစ် ငါခံယူလို့ရပေမဲ့
အမုန်းကိုတော့ ငါကိုမပေးပါနဲ့လားချစ်သူ ...။ ။
နင့်ကိုချစ်ခဲ့တာ နောက်ဆုံးအခွင့်အရေး တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
သက်ဆိုင်သူရေ နင့်ကိုငါ မဆုံးရှုံးပါရစေနဲ့ ...။ ။
ဝေးရပ်ဆီမှ ချစ်သူဆီသို့ ...
ငါ့နှလုံးသားနဲ့ ပေးပို့လိုက်သည်
သူသိပါစေ ... သူကြားနိုင်ပါစေ ....။။။။။။။။