လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

29 September, 2012

အသိပေးစာစုများ ( ၃ )

၁။ စေတနာသည် လူတိုင်းနဲ့မတန်သည်မဟုတ် လူတိုင်းနဲ့တန်တဲ့ စေတနာမျိုးထားနိုင်ဖို့တာ လိုအပ်ပါတယ်။
၂။ ကိုယ်ကကြိုက်လို့ ကောင်းတာထက် ကောင်းတာမို့လို့ ကြိုက်တယ်ဆိုရင် အကောင်းဆုံးကိုရနိုင်တာပေါ့။

အသိပေးစာစုများ ( ၂ )

၁။ ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေမယ့် အများနဲ့တော့ အဆင်ပြေဖို့အလွယ်ပါဘူး။
၂။ ဘေး ကိုကြည့်လွန်းအားကြီးရင် ဘေး တွေ့တတ်တယ်။
၃။ ကလေးမှားရင် တစ်ပြား၊ လူကြီးမှားရင် တစ်ဆယ်၊ ဘယ်အမှားမှ မကောင်းဘူး၊ တစ်ဆယ်ကပိုဆိုးတယ်။

သမီးလေးဖတ်ဖို့ ( ၃)

၁။ဘ၀မှာ ဘယ်နေရာမျိုးမှာဘဲဖြစ်ဖြစ် သူတစ်ပါးထက် တော်တဲ့သူ ဖြစ်နေပါစေ။ ဒါပေမဲ့ ကိုယ်တော်ကြောင်းကိုတော့ ဘယ်တော့မှ မပြောမိစေနဲ့။ ကိုယ်တော်တာကို လျှောက်ပြောနေတဲ့ သူတွေဟာ တကယ်မတော်သေးတဲ့ သူတွေဘဲ ...... ။

အသိပေးစာစုများ ( ၁ )

၁။ ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူကို ဘူရဲဘောကြောင်တယ်၊ ရက်ရောသူကို လက်ဖွာတယ်၊စည်းကမ်းနဲ့ပေးသူကို ကပ်စေးနည်းတယ်၊ဦးဆောင်နိုင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

28 September, 2012

SIM Card ကို NANO Card အဖြစ် ညှပ်နည်း



iPhone 5 ကိုမြန်မာနိုင်ငံက MPT SIM Card တွေနဲ့လည်းအသုံးပြုလို့ရတာကိုတွေ့ရပါတယ်။ ဒါပေမယ့် iPhone 5 မှာထည့်သွင်းအသုံးပြုဖို့အတွက် Nano SIM Card အရွယ်အစားကိုညှပ်ပစ်ဖို့တော့လိုပါတယ်။ သာမန် SIM Card ကို Nano SIM Card အဖြစ်ညှပ်ဖို့အတွက် SIM Card Cutter တွေရှိသလို ကတ်ကြေးနဲ့လည်း Scale အတိအကျတိုင်းထွာပြီး သေချာညှပ်လို့လည်းရပါတယ်။ အခု ဆိုင်ကိုသွားပြီး SIM Card ကို Nano SIM ကဒ်အဖြစ်မဖြတ်ချင်ဘဲ ကိုယ် ကိုယ်တိုင် SIM Card ကို nano sim card အဖြစ်ညှပ်နည်းကိုတင်ပြပေးလိုက်ပါတယ်။

27 September, 2012

ပျော်အောင်နေပါ ...

ကံတရားရဲ့ စီမံရာအတိုင်း
ငါတို့နှစ်ယောက်ရဲ့
ဆုံနိုင်ခွင့် ပါမစ်က
ဒီချိန်ထိပဲ သတ်မှတ်ထားလို့
ကျောခိုင်း ကျရတာ
ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...။    ။

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...။     ။

မေ့မရသေးလို့ပါ ...

တစ်ယောက်တည်း တမ်းတတဲ့
နေ့စွဲလေးတွေ
တစ်ယောက်တည်း အထီးကျန်ခဲ့တဲ့
လွမ်းဝန်ပိတဲ့နေ့တွေက
အကြောင်းပြချက်မဲ့
နင်စွန့်သွားတဲ့နေ့ကတည်းပါ ...။    ။