လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

27 September, 2012

ပျော်အောင်နေပါ ...

ကံတရားရဲ့ စီမံရာအတိုင်း
ငါတို့နှစ်ယောက်ရဲ့
ဆုံနိုင်ခွင့် ပါမစ်က
ဒီချိန်ထိပဲ သတ်မှတ်ထားလို့
ကျောခိုင်း ကျရတာ
ဘယ်သူတယောက်ရဲ့အမှားမှမပါဘူးလေ ...။    ။

ဝေးကွာခြင်းကို ဘယ်လူသားကနှစ်သက်မှာလဲ
ငါကရောနှစ်သက်မယ်ထင်လို့လား
ဒါပေမယ့် ပျော်ရာမနေပဲ
တော်ရာမှာနေကျရတာ
အမှန်တရားမို့
ခုတော့ ...
ငါတို့နှစ်ယောက်က
သူစိမ်းတွေပဲဖြစ်ရတာပေါ့လေ ...။     ။



နင်ပျော်အောင်နေပါ စိတ်မကောင်းမဖြစ်ပါနဲ့
ဘဝဆိုတာ
ဒီလိုပါပဲလေ ...
နင့်မျက်ရည်တွေကို
အနားကနေ ဖယ်မရှားပေးနိုင်လို့
တောင်းပန်ပါတယ် ...။    ။

ငါ့နှလုံးသားကို နင့်ရင်မှာ
သဂြိုလ်ထားပြီးသားမို့
နင့်အနားမှာ ငါမရှိပေမယ့်
ငါ့စိတ်ဝိဥာဉ်လေးတွေက
ခိုးနားနေမှာ
နင့်ပါးပြင်ထက်မှာ ....။     ။