လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

28 February, 2012

မြက်တွေကို မြေကြီးနဲ့ ဖို့သတ်တဲ့ ဇာတ်လမ်း ...

မြေဇာပင်ကို အထင်သေးနေတဲ့ လူတန်းစားတစ်ချို့က
မီးကိုရေနဲ့ဖျန်းရင်ငြိမ်းရမယ်ဆိုတဲ့ သီအိုရီအဟောင်းကြီးနဲ့
တားမရတဲ့နာမ်တရားရေစီးမျိုးရှိကြောင်း မသင်ကြားခဲ့ရလေတော့
အမှားကို အမှားနဲ့ ခုတ်ဖြတ်လိုက်တာ အမှားပဲပြန်ရတယ် ...။  ။

ပညာဗေဒတွေ ဈေးချိုချိုနဲ့ရနိုင်တဲ့ ကွန်ပျူတာခေတ်ထဲမှာ
ကျောက်ခေတ်က အနာမျိုးမဟုတ်ကြောင်း သိမှသိပါလေစ
အတ္တနဲ့ကုစားလို့ရနိုင်တဲ့ရောဂါများရှိရင်ပြော
ကောင်းကင်ဆိုတာ ငှက်တိုင်းပျံသန်းခွင့်ရှိတဲ့ အကျယ်အဝန်းတစ်ခုပါ ...။  ။

ငါးတစ်အုပ်စာလေးအတွက်နဲ့ မြစ်တွေဖြစ်လာတာမဟုတ်သလို
ရေစီးရေလာကောင်းလို့ သောင်မတင်တာကိုလည်းဘဝင်မမြင့်နဲ့
လူ့ဘဝတိုတိုလေးမှာ ချစ်စကိုရှည်စေ
မရေရာတဲ့အနာဂတ်ကိုအပိုင်တွက်တာ  သချာင်္တဲ့လား ...။  ။

အကျိုးပေးကောင်းမယ့်စေတနာကို မွေးမြူရမယ့်အချိန်မှာ
နောင်ပြိုလဲသွားနိုင်တဲ့ စိတ်ကူးတွေကိုပြန်ချကြည့်
ဦးနှောက်များများဆက်တွေးကြည့်မှရမယ့်  အဖြေမှန်ကို
မျိုးမှားပြီးစိုက်ပျိုးနေသမျှ  အဆိပ်သီးတွေသာလျှင် ...။  ။

နေ့တိုင်းမိုးမသည်းနိုင်ဘူးဆိုတာ သိတဲ့လူတွေက
နေသာမယ့်နေ့ရဲ့သေချာမှုကို ကြိုလင့်နေကြချိန်
ခဏအုပ်ထားနိုင်တဲ့ စလောင်းဖုံးအောက်မှာဘာတွေရှိမလဲ ဖွင့်ကြည့်စရာမလို
ဝှက်ဖဲဆိုတာသစ္စာသံနဲ့ရယ်မောလိုက်ရင် ဒူးထောက်ကျသွားတတ်စမြဲ ...။  ။

ဟောဟိုမှာကြည့်စမ်း ထပ်ထွက်လာတဲ့  အလေ့ကျပေါက်ပင်တွေ
မျိုးဆက်သစ်သယံဇာတများနဲ့ ပတ်ထုပ်ထားတဲ့ကမ္ဘာကြီးမှာ
နွံနစ်ခဲ့သူများကိုယ်စား နွံနှစ်ထဲကရညှိရေမှော်တွေထွက်လာသလို
ကမ်းကပ်မယ့်ရွက်တိုင်လတ်လတ်ဆတ်ဆတ်များကြောင့် ပင်လယ်ကြီးကျဉ်းသွားပါပြီ ...။  ။


တင်နိုင်ဝင်း(ထမင်းဈေးမြို့)