လာရောက်လည်ပတ်မှု ကို အထူးပဲကျေးဇူးတင်ရှိပါတယ် ... ဤ Blog သည် ကျနော် ဖတ်၍ကြိုက်နှစ်သက်သော ကဗျာ၊ အသိပညာ ၊ နည်းပညာ လေးတွေစုစည်းထားသော အပျော်တမ်းသက်သက် Blog ဖြစ်ပါသဖြင့် အလိုမကျတာလေးတွေများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား) ဤ Bolg လေးထဲတွင် ပျော်ရွှင်နိုင်ပါစေလို့ ... ကျနော် မောင်အောင်စိုးထိုက် မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်း) နောင်တွင်လည်း ထပ်မံလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ ...း)

28 February, 2012

ဒိုင်ယာရီ ... တဲ့

ပုံပြင်မဟုတ်ဘူး ...
ရာဇဝင်  မဟုတ်ဘူး  ဆိုရင်တောင်
အလွမ်းတွေနဲ့  ရေးခဲ့တဲ့
အဖြစ်အပျက်  အချို့ဟာ
စာဖွဲ့ သူ  မရှိခဲ့ ရင်လည်း
ကျန်နေတဲ့  ဒိုင်ယာရီ မှာ
စိတ်ဆန္ဒ တွေ  တလည်လည်
ဒီရနံ့တွေ နဲ့သာ  အသက်ဝင်နေမယ် ...။     ။

ဘယ်သူတွေ  ပျောက်ဆုံး
လောကထဲက  အရာရာ  ထွက်ခွါစေ
ဘဝ ရှိဘူးတဲ့  သူနောက်မှာတော့
ခြေရာတွေက အထင်းသား
မေ့မရနိုင်တာကို  မှတ်
ကိုယ်ရနံ့တွေလဲ   ချန်ထားတယ် ...
အဲဒါ  ဒိုင်ယာရီ ပေါ့   ...။      ။